လူရယ်လို့ ဖြစ်လာမှတော့
အများနည်းတူ
ဒုက္ခ ၊ သုခ တွေနဲ့
နပမ်းလုံးပြီး
ရင်ဆိုင်ဖို့ အားမွေးရတော့မယ်
အကျိုးအကြောင်း မခိုင်လုံတဲ့
ဘ၀ပေးကုသိုလ်ကံ က
အားနည်းနေတော့
ကိုယ်လိုချင်တဲ့ နေရာကလဲ
မရောက်နိုင်ဘူး
ကိုယ့်သင်ညာ
ညဏ်စွမ်းရှိတာလေနဲ့
မလောက်မငှ
အခွင့်အရေးကို
အလုအယက်
အသုံးချကြည့်တယ်
ဘယ်မှာလည်း
ငါ့နေရာ နဲ့ ငါ့ကဗျာ
ကျောချဖို့
ခြေထောက်တစ်စုံ ရပ်တည်ဖို့
မပြည့်စုံသေးတဲ့ ဘ၀နာ.....။ ။
ညီစေနိင်
၂၅၊ရ၊၂၀၁၀ ။
ခိုလုံနိုင်ခွင့်
Posted by
nyisaynaing
Sunday, July 25, 2010
Labels: ကဗျာ
0 comments:
Post a Comment