ရုပ်ပြောင်း ရုပ်လွဲ

မျက်နှာထားက ကွမ်းတပြေး
ကိုယ်နေကိုယ်ဟန်
သူ့ပုံစံက
မိန်မဆန်ဆန်
နောက်ကကြည့်တော့
ရင်ဖိုတောင် မသမ်းသေးတဲ့ အနေအထား ။

နှင်းနုရောင် နူတ်ခမ်းပါး အလွှာနှစ်ထပ်က
အများသူငါ နှစ်လုံးသားထဲ
စွတ်ပျံ့လို့ သက်ဝင် ။

စွဲမက်စေတဲ့
သူ့ရဲ့
လုံးကျစ်ကျစ် တင် ခန္ဓာ
အုံကြွနေတဲ့ ရင်တဖုံ ။

အပြောမကောင်းပေမဲ့
သဘောကောင်း၏ ။

မာန်စွယ်ထိမှန်
ဒေါသမြန်သတဲ့
တုံ့ပြန်မှု့ ရုပ်အသွင်
နီကျင့်စေတာ
သူမျက်နှာ ။

ကလေးအထာ သူ့စိတ်တွေက
မပြတ်မသား မာနဇောင်းနဲ့
လူတကာကို ရိုက်ချိုးပစ်တာ
သူ့အလှပညာ ။

မျက်နှာပွင့်ဆေး
သူမသုံးဘူး
ကြိုက်သူ ၊ ခိုက်သူ
များလွန်းပါဘိတော့တယ် .....။ ။

ညီစေနိင်
၁၊၈၊၂၀၁၀။

ရင်ကွဲအလွမ်း

၈၅ ခုနှစ်က အလွမ်းတက္ကသိုလ်
ရင်ထဲမှာ မချိတင်းခဲနဲ့
အဆွေးထဲက သွေးစိမ်းတွေတောင် ထွက်ကျလို့ ....

သမိုင်းစာအုပ်ကြားက ကံ့ကော်တန်း
ဥသြငှက်ရဲ့ ကဗျာအက်ကွဲသံ သဲ့သဲ့ ....

ဟောဒီ နံရံမှာ တို့တွေအားလုံး မမေ့ကြေး
အမှတ်တရ လွမ်းစာတွေ ထုဆစ်ခဲ့ကြ ....

နေသားကျနေတဲ့ မိခင်ကျောင်းတော်ကြီးလဲ
သံချေးရောင်တွေ တက်နေပြီ ....

တချို့က
ကဗျာတွေနဲ့ လွမ်း ..

တချို့က
သီချင်းတွေနဲ့ လွမ်း ..

တချို့က
ပန်းကုံးတွေကြားမှာ နာမည်တစ်လုံးနဲ့
ငြိမ်သက်နေလိုက်တာများ
လွမ်းစိတ်ကို ပိုစေတယ် ....

သူ့နေရာနဲ့ သူ
အလွမ်းကိုယ်ဆီနဲ့
သတိတွေရနေကြဆဲ ....

ဟိုတချိန်က
တက္ကသိုလ် ... ဆီသို့  ။ ။

ညီစေနိင်
၁၊၈၊၂၀၁၀။
မှတ်ချက်။ ။ဒီကဗျာလေးကိုရေးဖြစ်သွားရတဲ့ အကြောင်းကတော့ ဟာသလူရွှင်တော် ပိန်ပိန် ရဲ့ မိုးနတ်သူဇာ အငြိမ့်သဘင်စတင်ခြင်းနှင့် ကျောင်းသားဘ၀ကတက္ကသိုလ်အကြောင်း စောင်းပါးလေးကို ဖတ်ဖြစ်ပြီး ကျောင်းသားဘ၀ရဲ့ အသက်အငွေ့ကို ခံစားပြီး ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။

ရာသီပေါ်သီနှံ

နွေ နဲ့ မိုး
ရာသီဥတု နှစ်မျိုးသာရှိ
ပိုဆိုးတာက နွေရာသီ
ရေဆူမှတ် က ၃၄ ၊ ၃၅ ဒီဂရီဆင်တီဂရိတ်ထိ

နေ့ ခင်းအပူရှိန် ၊ ည ဘက်တိုးတော့
အိပ်ခန်းထဲက အပူချိန်က
ရေဆူအမှတ် ၃၀ ၊ ၃၁ ဒီဂရီဆင်တီဂရိတ်ရှိ

တနေ့တည်နဲ့ နှစ်ရာသီ
ပြောင်းလဲ တတ်တာ မလေးရှားရာသီ

နေ့ပူပြီး ၊ ညတော့လည်း မအေး 
မိုးလင်းပိုင်းမှ အအေး ၀င်လာ
ပန်ကာ လေက ထပ်သော့ပြန်

မိုးဦးရာသီ ဆောင်းကိုမှီ
မိုးစက် လေလား ၊ နှင်းစက်လား

မိုးရွာ တော့လည်း တစ်ပတ်မစဲ
သည်းသည်းမည်းမည်း မိုးခါးရေ

နွေနေပူလျှင် မရပ်မစဲ
လူတွေမှာ နေရထိုင်ရ ခက်ခဲ

တစ်လလုံး နေ စွေ့စွေ့ခုန်မို့
နှာစီး ၊ ချောင်းဆိုး
အဖျားရောဂါ ၀င်လို့လာခဲ့

ဖြစ်သည့် ရောဂါ မသက်သာ
ဆေးပေးခန်းကို သွားရရှာ

ပြသည့် ဆေးခန်း လူနာများတော့
တစ်ယောက် ထွက် ၀င်ကုကြတာ
သုံးမိနှစ်ပင် မကြာလိုက်ပါ
တော်လိုက်တဲ့ ပါရဂူနှယ့်

ဆရာဝန်ရဲ့ လက်သုံးစကား
ဟဲလို ... ဟိုင်း
အိုကေ ... ကျေးဇူး
ကုထုံးနည်းနဲ့
စမ်းသပ်ပြီးရင်
ရောဂါတစ်ဝက် သက်သာပြီမှတ်

ဆေးကောင်တာမှ 
စကပ် တိုတို နပ်စ်မ က
ဆေးညွှန်းစပ်ရာ ဆရာဝန်မမှီ
သင်ယူစရာ သူ့ပုံသေးနည်း
ဆေးအိတ်ထဲက ပက်နဒေါကို ထုတ်လို့ပေး .....။ ။

မှတ်ချက်။ ။ မလေးရှာနိင်ငံ ၊ နီလိုင်းမြို့နယ် ၊ ဒီစားရီးယားရပ်ကွက် မှ ဘာဂျာရာစတီလ်ကုမ္ပဏီမှ
              ရဲဘော် ၊ ရဲဘက်ဟောင်းများဆီသို့ အမှတ်တရ လွမ်းစာခွေပါကြောင်း ။ ။

ညီစေနိင်
၂၅၊၇၊၂၀၁၀ ။ 

ရင်ဝှက်ပန်း

အေးစက်စက် ည ရဲ့ ကောင်ကင်အောက်မှာ
လရောင် ရဲ့ ထုဆစ်ခြင်း ခံရတဲ့
နတ်သမီးလေး ...

ငါ့ ရဲ့
ကဗျာ ကောက်တဲ့လက်နဲ့
ပွေ့ဖက်ခြင်း
ကလောင်တစ်ချောင်းဖြင့်
နမ်းရှိုက်ခြင်း ကို အလူးအလဲ ခံခဲ့ရ ...

အဆွေးသက်သက် ချစ်နေပေမဲ့
ကာရံမဲ့ ငိုညည်းသံက
ငါ့နောက်ကျော လက်တကမ်းမှာ 
ပုန်းကွယ်လို့နေ ...

ကြယ်ဆိုတာ ကြွေဖို့တဲ့လား
အတ္တဆန်တဲ့ ငွေရောင်လမင်း
ဖျစ်ညှစ်ပြီး တောက်ပပြ မနေနဲ့
အလွမ်းတွေက ရင်ထဲအပြည့် ...

ဟောဒီ ....ရင်ချိင့်ထဲမှာ
ကြယ်တွေ ကြွေသံ
တဖြုတ်ဖြုတ်နဲ့
မင်းကြားရဲ့လား
..... ချစ်သူ ။ ။

ညီစေနိင်
၂၄၊၇၊၂၀၁၀ ။

မပြီးသေးတဲ့ ပုစ္ဆာ

ရွှေ့နေတဲ့ နာရီလက်တံပေါ်မှာ
စီးစီးပြီး လိုက်ပါနေတဲ့
လောကရဲ့ ခရီးသည်တစ်ဦးက
ငါ ..... တဲ့

ဘာကြာလိုက်လို့လဲ
အဲဒီ ...
နာရီလက်တံတွေက
သက္ကရစ်ကို တိုက်စားလိုက်ပြန်ပြီ ။

ငါ့ မှာ .....
လိပ်ပြာတစ်ကောင်းက ပေးတဲ့
ရင်ခုန်သံ တစ်ပိုင်းတစ်စနဲ့
ဖြည့်ဖို့ ကျန်နေတဲ့
ကွက်လပ် ... တစ်ချို့ ။

အင်း ... ငါ
ဘာမှ မလုပ်ရသေးဘူး ။

အိပ်ရေးက မဝ
နှင်းတွေကကျ နဲ့ .....။ ။

ညီစေနိင်
၂၈၊၇၊၂၀၁၀ ။

ခိုလုံနိုင်ခွင့်

လူရယ်လို့ ဖြစ်လာမှတော့
အများနည်းတူ
ဒုက္ခ ၊ သုခ တွေနဲ့
နပမ်းလုံးပြီး
ရင်ဆိုင်ဖို့ အားမွေးရတော့မယ်

အကျိုးအကြောင်း မခိုင်လုံတဲ့
ဘ၀ပေးကုသိုလ်ကံ က
အားနည်းနေတော့
ကိုယ်လိုချင်တဲ့ နေရာကလဲ
မရောက်နိုင်ဘူး

ကိုယ့်သင်ညာ
ညဏ်စွမ်းရှိတာလေနဲ့
မလောက်မငှ
အခွင့်အရေးကို
အလုအယက်
အသုံးချကြည့်တယ်

ဘယ်မှာလည်း
ငါ့နေရာ နဲ့ ငါ့ကဗျာ
ကျောချဖို့
ခြေထောက်တစ်စုံ ရပ်တည်ဖို့
မပြည့်စုံသေးတဲ့ ဘ၀နာ.....။ ။

ညီစေနိင်
၂၅၊ရ၊၂၀၁၀ ။