ခွင့်ပန်ခြင်း

        လူတွေရဲ့ စိတ်စွမ်းအင် တို့သည်  ဖြစ်ပြီးခဲ့ပီ ဆိုတဲ့ အတိတ်က အကြောင်းအရာ အဆိုး အကောင်း

တွေကို  ပြန်လည်းအောင့်မေ့ သတိရကြစမြဲပါ။  တကယ်လို့ အတိတ်က အကြောင်းအရာတွေကိုနည်း

နည်းလေးမှ ဂရုမပြုမိ  ဘူးဆိုလျှင် အဲဒီလူဟာ အဆွေးအမျိုး ၊ အဖော်မွန် ကင်းမဲ့ပြီး မိမိပတ်ဝန်းကျင်နှင့် 

ယှက်နွယ်မူ့ မရှိပဲ အထီကျန် နေပါလိမ့်မည်။ တခြားအကြောင်းအရာတွေကို မေ့ထားချန်ထားလို့ရပေမယ့် 

မိမိ၏ မိဘနှစ်ပါးသည်ကား ချန်ထား၍ မရနိင်ပေ။

      ကျနော့်အတွက်တော့ ဖေဖေတို့မေမေတို့ စီးပွားရှာသည်ကာလ၌ ပင်ပမ်းဆင်းရဲခြင်း ဒုက္ခ ၊ 

အဆင်မပြေမှု့တွေကြားက ညည်းသံ ၊ မျက်နှာငယ်မေမေ့မှာဖြင့်သူကြွယ်တွေကြားမှာ သူ့အလိုလိုက် 

သူ့အကြိုက်ဆောင်ကား မေမေ့ မျက်နှာ အောက်ချို့လျှက် မေမေ့ စေတနာရိုးသားမူ့တွေက သနားစရာ၊ 

ဒီအကြောင်းတွေကို ပြန်လည်တွေးတိုင်း ကြိတ်မနိင်ခဲမရ ရင်တနင့်နင့်ဖြစ်ကာ လောကဓံ 

ကိုကြံ့ကြံ့ခံနိင်သည်ကား ကျွေး ဖေဖေ ရဲ့သတ္တိအားမာန် ၊ မွေးမေမေ ရဲ့ မာနအားမာန်း တွေပါပဲ ။ 

      နောက်ကြောင်းတွေ ခဏတန့် တဖန်ရှေ့သို့တွေးမိပြန်သော် အဝေးရောက် သားမိုက် ကျတော် 

အချိန်တွေကြာညောင်း ။ အခု ဆိုလျှင် ဖေဖေနှင့်မေမေ တို့ ဇရာအို အရွယ်ပြောင်း သည့်အချိန်မို့ ၊ 

အားအင်ချိငဲ့ ၊ မှုန်ဝေးမျက်လုံး ၊ ပြုံးသည့်သွားဖုံး မြင်တွေ့ပါလျှင် သားမိုက် ရင်မှာ စိတ်မကောင်းစွာဖြင့် 

ဝန်ချတောင်ပန်း ဝပ်တွားပူဇော်ကန်တော့လိုပါ၏ ။ ကာယကံ ၊ ဝစီကံ ၊ မနောကံ တို့ဖြင့် ပြစ်မှားမိခဲ့လျှင် 

ခွင့်လွတ်ပါလော့ ။

         အကယ်၍ နောင်ဘဝဆိုတာများ ကြုံခဲ့ပါမူ ပြန်ဆုံတွေ့ကြဤလူ့ဘဝတွင်လူ့ဘုံခမ်းဝါထိမ်ထိမ်သာ၍ 

ဥမကွဲ သိုက်မပျက် အဝေးတမြေခြားမနေရပဲ ပျော်ရွှင်ချမ်းမြေ့သာယာကြည်လင်သော မိသားစု ဘဝ 

သို့ ရောက်ရပါလို ဟု တောင်းဆု ပြုပါသည် ။ 

           အဝေးရောက် သားမိုက်..
                 
          ကျနော်....
              
           ဆန္ဒများစွာဖြင့် .....

           ထားဝရ ဂါရဝပြုလျှက်.........
                 
  ဖေဖေ ၊ မေမေ .........နေကောင်းပါစေ...။ပျော်ရွှင်ချမ်းမြေ့ပါစေ...။ ရာကျော်အသက် ရှည်ပါစေသော်....။
   


ညီစေနိင်
                 ၆၊၁၀၊၂၀၁၁ ။

ဧရာဝတီအလင်းရောင်

ဧရာဝတီအလင်းရောင်

အလင်းရောင်ရဖို့
အနာခံပြီးမှ အသာစံရတဲ့
မြစ်ဆုံဧရာဝတီရယ်...

အလွမ်းရည်ပူတစက်စက်ကျကာမှ
ငြိမ်းချမ်းရေးရခဲ့ခြင်းဟာ
ငါတို့တွေရဲ့ မျက်ရည်တွေပါပဲ...။


အမှောင်ထုကိုဖြိုခွင်းပြီး အလင်းဆောင်ကျင်းဖို့ရာ
သူပေးဆပ်ရမဲ့ နိင်ငံတော်အမိန့်တာဝန်အား
ရင်နာနာနဲ့ အဆုံးသတ်နိင်လိုက်ပါပြီ ...။

အလေးပြုပါ၏
စိတ်ထဲက  ငါတို့ရဲ့ ဆန္ဒ ...။

သြော် ...
စွန့်လွတ်ခဲ့ရပြီ ..
စွန့်လွတ်ခဲ့ဘူးပြီ ..။

သြော် ...
ကယ်တင်ခဲ့ရပြီ ..
ကယ်တင်ခဲ့ဘူးပြီ ..။
အဲဒီ
မြစ်နှစ်စင်းပေါ့။

မေခမြစ်နဲ့မေလိခမြစ်တို့ပေါင်းဖက်စေရေး ..
မြစ်ဆုံဆည်နဲ့ဧရာဝတီမြစ်တို့ရင်ကြားစေ့ရေး ..
ငါတို့တွေအရေးဆိုခဲ့ကြတယ် ...။

ဒါဟာ အဦးဆုံးအကြိမ်
ပြည်သူ့ သဘောထားဆန္ဒကို လိုက်လျောပေးခဲ့တဲ့
အောင်မြင်မှု့အထိမ်းအမှတ်နေ့သစ်တခုပါပဲ..။

ကြိုဆိုပါသည်
ရုဏ်ယူပါသည်
ဝမ်းသာပါသည်
သမ္မတကြီး..ခင်ဗျာ။

အရောင်မတူတဲ့
လူဖြူ နဲ့ လူမဲ ညီအကိုတွေထဲမှာ
အားလုံဝါဒဖြန့်သမားတွေကြီးပါပဲ ..။

တို့တိုင်းပြည် ငြိမ်းချမ်းရေးကို
ကျည်ဆံ ပါးစပ်အတုတွေနဲ့
တရစပ် ပစ်ဖို့
လာမခြောက်နဲ့
မကြောက်တဲ့
တို့မြန်မာသွေး ။

ရှေးရှုးမျှော်ရည်
များမကြာမှီဝယ်
အဘိုးအဘွာတွေပိုင်ဆိုင်ခဲ့တဲ့
တို့မြန်မာအမွေအနှစ်ဆိုတာ
မြင့်မြတ်တဲ့အမျိုးရုဏ်
ဇာတိသွေးအစစ်
ဇာတိမာန်အပြည့်နဲ့
တိုးတက်နေတဲ့ နိင်ငံဆိုတာ
တို့မြန်မာပဲ..ဟေ့..လို့
ကမ္ဘာမှာသိစေအံ့ ..။ ။

ညီစေနိင်
.............၅၊၁၀၊၂၀၁၁ ။ ။

မတူညီ တဲ့ သင်္ကေတ

မတူညီ တဲ့ သင်္ကေတ

''ဘီယာ"  နဲ့  " ရေခဲရေ''  ရောသောက်လို့  ကောင်းတယ် ...
...............................................................................
''လက္ဘက်ရည်"  နဲ့ " ရေခဲရေ''  ရောသောက်လို့  ကောင်းတယ် ...
.................................................................................
''ဘီယာ" နဲ့ "လက္ဘ်ရည်ကြတော့ '' ရောသောက်လို့  မကောင်းတော့ဘူး ...
...................................................................................
"မင်း" နဲ့ " ငါ " နဲ့လည်း
ဝါသနာခြင်း ၊ စရိုက်ခြင်း မတူညီတော့  " ရောလို့မကောင်းဘူး" .........။
 ......................
 ......................
ညီစေနိင်
.................၂၊၁၀၊၂၀၁၁။

မင်္ဂလာအပေါင်းနဲ့ပြည့်စုံစေ...

ညီစေနိင် ဘလော့ဂ်မှ ကြိုဆိုပါ၏ ။

သတ္တဝါအားလုံး ကျန်းမာ ၊

ချမ်းသာကြပါစေ၊

ဘေးအန္တရယ်ကင်းဝေးကြပါစေ...

စိတ်နှလုံးရွှင်ပြုံးကြစေသော်......


~~~~ ညီစေနိင် ~~~~