ဧရာဝတီအလင်းရောင်

ဧရာဝတီအလင်းရောင်

အလင်းရောင်ရဖို့
အနာခံပြီးမှ အသာစံရတဲ့
မြစ်ဆုံဧရာဝတီရယ်...

အလွမ်းရည်ပူတစက်စက်ကျကာမှ
ငြိမ်းချမ်းရေးရခဲ့ခြင်းဟာ
ငါတို့တွေရဲ့ မျက်ရည်တွေပါပဲ...။


အမှောင်ထုကိုဖြိုခွင်းပြီး အလင်းဆောင်ကျင်းဖို့ရာ
သူပေးဆပ်ရမဲ့ နိင်ငံတော်အမိန့်တာဝန်အား
ရင်နာနာနဲ့ အဆုံးသတ်နိင်လိုက်ပါပြီ ...။

အလေးပြုပါ၏
စိတ်ထဲက  ငါတို့ရဲ့ ဆန္ဒ ...။

သြော် ...
စွန့်လွတ်ခဲ့ရပြီ ..
စွန့်လွတ်ခဲ့ဘူးပြီ ..။

သြော် ...
ကယ်တင်ခဲ့ရပြီ ..
ကယ်တင်ခဲ့ဘူးပြီ ..။
အဲဒီ
မြစ်နှစ်စင်းပေါ့။

မေခမြစ်နဲ့မေလိခမြစ်တို့ပေါင်းဖက်စေရေး ..
မြစ်ဆုံဆည်နဲ့ဧရာဝတီမြစ်တို့ရင်ကြားစေ့ရေး ..
ငါတို့တွေအရေးဆိုခဲ့ကြတယ် ...။

ဒါဟာ အဦးဆုံးအကြိမ်
ပြည်သူ့ သဘောထားဆန္ဒကို လိုက်လျောပေးခဲ့တဲ့
အောင်မြင်မှု့အထိမ်းအမှတ်နေ့သစ်တခုပါပဲ..။

ကြိုဆိုပါသည်
ရုဏ်ယူပါသည်
ဝမ်းသာပါသည်
သမ္မတကြီး..ခင်ဗျာ။

အရောင်မတူတဲ့
လူဖြူ နဲ့ လူမဲ ညီအကိုတွေထဲမှာ
အားလုံဝါဒဖြန့်သမားတွေကြီးပါပဲ ..။

တို့တိုင်းပြည် ငြိမ်းချမ်းရေးကို
ကျည်ဆံ ပါးစပ်အတုတွေနဲ့
တရစပ် ပစ်ဖို့
လာမခြောက်နဲ့
မကြောက်တဲ့
တို့မြန်မာသွေး ။

ရှေးရှုးမျှော်ရည်
များမကြာမှီဝယ်
အဘိုးအဘွာတွေပိုင်ဆိုင်ခဲ့တဲ့
တို့မြန်မာအမွေအနှစ်ဆိုတာ
မြင့်မြတ်တဲ့အမျိုးရုဏ်
ဇာတိသွေးအစစ်
ဇာတိမာန်အပြည့်နဲ့
တိုးတက်နေတဲ့ နိင်ငံဆိုတာ
တို့မြန်မာပဲ..ဟေ့..လို့
ကမ္ဘာမှာသိစေအံ့ ..။ ။

ညီစေနိင်
.............၅၊၁၀၊၂၀၁၁ ။ ။

0 comments:

Post a Comment

မင်္ဂလာအပေါင်းနဲ့ပြည့်စုံစေ...

ညီစေနိင် ဘလော့ဂ်မှ ကြိုဆိုပါ၏ ။

သတ္တဝါအားလုံး ကျန်းမာ ၊

ချမ်းသာကြပါစေ၊

ဘေးအန္တရယ်ကင်းဝေးကြပါစေ...

စိတ်နှလုံးရွှင်ပြုံးကြစေသော်......


~~~~ ညီစေနိင် ~~~~