Napoleon Hill ရဲ့'' The Law Of Success''

Napoleon Hill  ရဲ့'' The Law Of Success''

(၁) တိကျရေရာသော ဦးတည်ရည်မှန်းချက်တရပ်ရှိခြင်း
       
       ရည်မှန်းချက်တွေ များနေသည့် အခါ မရေမရာ ဇဝေဇဝါနှင့် ရောင်ခြောက်ဆယ်သမား ဖြစ်သွားတတ်သည်။ တိကျခိုင်မာသော ဦးတည်ချက်တရပ်ကို  ဘဝရည်မှန်းချက်အဖြစ် ချမှတ်ကား  ကိုယ်စွမ်းအား စိတ်စွမ်းအား အပေါင်းကို  ယင်းဆီသို့သာ မပြတ် ဦးတည် ရည်စူးထားရမည်။  

(၂) မိမိ၏ စွမ်းအားကို မိမိယုံကြည်မှု့ရှိခြင်း
  
       အတ္တ မာန ကို မြင့်တင်ရန်မဟုတ် ။ မိမိလက်ရှိ အရည်အချင်းနှင့် ရှေ့သို့ တိုးတက်လာမည့် အလားအလာများကို ပကတိအတိုင်း သိရှိကာ ယင်းအပေါ်၌ အခြေခံလျှက် မိမိကိုယ်ကို ယုံကြည်စိတ် ထူထောင်ရန် ဖြစ်သည် ။


 (၃) ချွေတာစုဆောင်းတတ်သည့် အလေ့အကျင့်ရှိခြင်း

       မိမိဝင်ငွေ၏ ရာနှုန်းမည်မျှကို စုဆောင်းမည် ဟူ၍ တိကျသော သတ်မှတ်ချက်ရှိရန်လိုအပ်သည်။ ငွေကြေး မစုဆောင်းသူ၌ ငွေကြေး အင်အား ဖြစ်ပေါ် မလာနိင် ။ သင့်တင့်လျှောက်ပတ်သော ငွေကြေး အစုအဝေးသည် ပိုမိုးကြီးမားသော ငွေအင်အားတည်ဆောက်ရန်မရှိမဖြစ်လိုအပ်သောအခြေခံအရင်းအနှီး ဖြစ်ပေသည်။ လောကဓံ မုန်းတိုင်း တိုက်ခိုက်ချိန်၌လည်း မှီတွယ်ခိုနားရာ အားကိုးတခု ဖြစ်နိင်ပေသည်။

(၄) တီထွင်ဆောင်ရွက်တတ်မှု့နှင့် ဦးဆောင်မှု့

     မိမိ အားထုတ်ရန်ရွေးချယ်ထားသော နယ်ပယ်၌ ဦးဆောင်သူ တစ်ဦး ဖြစ်လာနိင်ရေး အတွက်  ထူးခြားသော အခြေအနေများကို  မျက်ခြည်မပြတ် ရှာဖွေကြည့်တတ်ရန်နှင့် ယင်းကြည့်မြင်မှု့ အပေါ် အခြေခံကား သူတစ်ပါးထက်ဦးစွာဆောင်ရွက်တတ်ရန်  လို သည်။ ဦးစွာလုပ်ရှားသည့် အခါ ဦးဆောင်မှု့ အခန်းကို အလိုအလျောက်ရရှိလာပေမည် ။

(၅) စိတ်ကူးညဏ်ကွန့်မြူးတတ်သူဖြစ်ခြင်း

      စိတ်ကူထုတ်တတ်သည့် အလေ့အကျင့်ရှိလာသည့်အခါ ဦးနှောက်သည် သွက်လက်နိုးကြွကာ ရည်မှန်းချက်နှင့်စပ်လျဉ်သည့်  အတွေးသစ် အကြံသစ်များ ထွက်ပေါ်နေမည်ဖြစ်သည်။

(၆) စိတ်အားထက်သန်းမှု့ရှိခြင်း

      စိတ်အားထက်သန်နေသည့်အခါ မိမိအလုပ်ကို မိမိ ထိထိရောက်ရောက် လုပ်နိင်လာသကဲ့သို့  လုပ်ငန်း ကိစ္စများအတွက် အခြားသူများနှင့်ဆက်ဆံရသည့်အခါလည်း သွက်လက်အားတက်သရောရှိမည်။ သူတစ်ပါးနှင့် ဆက်ဆံရသည့်အခါ စိတ်ပါလက်ပါ အားတက်သရောရှိသည့်အခါ ဆက်ဆံသူတိုင်းက မိမိအပေါ်စိတ်ကောင်းစေတနာကောင်းထားပြီး  မျက်နှာမြင် ချစ်ခင်ပါစေဆိုသော ဥပဓိရုပ်မျိုး ပေါ်လာသည်။

(၇) မိမိကိုယ်ကို ထိန်းချူပ်နိင်စွမ်းရှိခြင်း

      စိတ်အားထက်သန်မှု့ ရှိသော်လည်း  ယင်းကို ဆင်ခြင်ညဏ်ဖြင့် ထိန်းသိမ်းကွပ်ကဲ နိင်စွမ်းရှိရမည်။ ပကတိ လုပ်ငန်း အနေအထားကို မစဉ်းစားပဲ ချက်ခြင်းပင် ဆန္ဒမစောသင့်ပါ ။ 

   
       မှတ်ချက် ။  ။   Napoleon Hill  ရဲ့'' The Law Of Success'' စာအုပ်မှ ကူးယူဖော်ပြပါ၏ ။  စာ ဖတ်သူ များအတွက်  အောင်မြင်မှု့ လမ်းညွှန်ဆောင်ပုဒ် (၇) ချက်ဖြစ်ပါ၏.........။
ညီစေနိင် ....
                    ၁၇၊၇၊၂၀၁၁ ။ ။

ဖော်ပြချက်

ဖော်ပြချက်

အားလုံးကိုကျော်ဖြတ်ရမယ်လို့ 
ငါ့ စိတ်ကို အမိန့်ပေး ...

ကကြိုးရုပ်လို ကြိုးဆွဲအကတွေနဲ့
ငါ့ လောဘ တွေကို ပဲ့ကိုင် တပ်ပေးပြီး
အသိ ဆိုတဲ့ တက်တွေနဲ့ ဘဝကိုရွက်လွင့်ခဲ့ပေါ့ ...

ကိုယ့်အတ္တ ၊ ကိုယ့်မာန နဲ့ ကိုယ့်ဆန္ဒတွေကလဲ
ဆန့်ကျင်ဘက် အစွန်းတစ်ဖက်မှာမှ
မျှော်လင့်ချက်တွေနဲ့ ပိနေလေရဲ့ ...

 အိမ်မက်ချိုချို ၊ အိမ်မက်ခါးခါး ဘဝမှာ
ရင်ခုန်သံ အသစ်တွေနဲ့ လျှောက်လမ်းခဲ့ရတဲ့
ဘဝရဲ့ ပျော်ရွှင်မှု့ ဆိုတာလည်း
အချိန်တွေသာ ကြာသွားတယ်
ဝိုင်တစ်ခွက်လောက်တောင် အရသာမရှိဘူး ...
================================
ငါ့ ဘဝကို
အကျိုး အမြတ် ပုံစံခွက်ထဲမှာ ထည့်ပြီး
မျက်လည့်ပြကြတာကိုပေါ့
တချို့ လူတွေက အံ့အားသင့်ခဲ့ကြ
တချို့ လူတွေက နားလည်းရ ခက်ခဲလို့တဲ့
တချို့ တချို့ လူတွေကြတော့လဲ ရယ်မောစရာဟာသ ဖြစ်လိုဖြစ် ...

မထူးဆန်ပါဘူးလေ
အောင်မြင်မှု့ ဆိုတဲ့ အရာတွေကိုပေါ့
အလုပ်ဆိုတာ ဘဝ တာဝန်ပေးတစ်ခုရယ်ပါ ...

ဒွန်တွဲနေတဲ့ အနိင်နဲ့ အရှုံး ၊ အပေးနဲ့ အယူ
တန်ပြန်ပေးဆပ်ခြင်း အကျိုးကျေးဇူးတွေ ....

အဲဒီ 
ပိုင်ဆိုင်ခြင်တဲ့ ဆုတံဆိပ်တွေ  အားလုံးကို
လမ်းဘေးက အဟောင်းဆိုင်မှာ ရောင်းဈေးခင်းဖို့ 
ငါ ချိတ်ဆွဲထားခဲ့တယ်... ။

ညီစေနိင်
             ၂၅၊၆၊ ၂၀၁၁ ။

မင်္ဂလာအပေါင်းနဲ့ပြည့်စုံစေ...

ညီစေနိင် ဘလော့ဂ်မှ ကြိုဆိုပါ၏ ။

သတ္တဝါအားလုံး ကျန်းမာ ၊

ချမ်းသာကြပါစေ၊

ဘေးအန္တရယ်ကင်းဝေးကြပါစေ...

စိတ်နှလုံးရွှင်ပြုံးကြစေသော်......


~~~~ ညီစေနိင် ~~~~