ဖော်ပြချက်
အားလုံးကိုကျော်ဖြတ်ရမယ်လို့
ငါ့ စိတ်ကို အမိန့်ပေး ...
ကကြိုးရုပ်လို ကြိုးဆွဲအကတွေနဲ့
ငါ့ လောဘ တွေကို ပဲ့ကိုင် တပ်ပေးပြီး
အသိ ဆိုတဲ့ တက်တွေနဲ့ ဘဝကိုရွက်လွင့်ခဲ့ပေါ့ ...
ကိုယ့်အတ္တ ၊ ကိုယ့်မာန နဲ့ ကိုယ့်ဆန္ဒတွေကလဲ
ဆန့်ကျင်ဘက် အစွန်းတစ်ဖက်မှာမှ
မျှော်လင့်ချက်တွေနဲ့ ပိနေလေရဲ့ ...
အိမ်မက်ချိုချို ၊ အိမ်မက်ခါးခါး ဘဝမှာ
ရင်ခုန်သံ အသစ်တွေနဲ့ လျှောက်လမ်းခဲ့ရတဲ့
ဘဝရဲ့ ပျော်ရွှင်မှု့ ဆိုတာလည်း
အချိန်တွေသာ ကြာသွားတယ်
ဝိုင်တစ်ခွက်လောက်တောင် အရသာမရှိဘူး ...
================================
ငါ့ ဘဝကို
အကျိုး အမြတ် ပုံစံခွက်ထဲမှာ ထည့်ပြီး
မျက်လည့်ပြကြတာကိုပေါ့
တချို့ လူတွေက အံ့အားသင့်ခဲ့ကြ
တချို့ လူတွေက နားလည်းရ ခက်ခဲလို့တဲ့
တချို့ တချို့ လူတွေကြတော့လဲ ရယ်မောစရာဟာသ ဖြစ်လိုဖြစ် ...
မထူးဆန်ပါဘူးလေ
အောင်မြင်မှု့ ဆိုတဲ့ အရာတွေကိုပေါ့
အလုပ်ဆိုတာ ဘဝ တာဝန်ပေးတစ်ခုရယ်ပါ ...
ဒွန်တွဲနေတဲ့ အနိင်နဲ့ အရှုံး ၊ အပေးနဲ့ အယူ
တန်ပြန်ပေးဆပ်ခြင်း အကျိုးကျေးဇူးတွေ ....
အဲဒီ
ပိုင်ဆိုင်ခြင်တဲ့ ဆုတံဆိပ်တွေ အားလုံးကို
လမ်းဘေးက အဟောင်းဆိုင်မှာ ရောင်းဈေးခင်းဖို့
ငါ ချိတ်ဆွဲထားခဲ့တယ်... ။
ညီစေနိင်
၂၅၊၆၊ ၂၀၁၁ ။
0 comments:
Post a Comment