ခွင့်ပန်ခြင်း

        လူတွေရဲ့ စိတ်စွမ်းအင် တို့သည်  ဖြစ်ပြီးခဲ့ပီ ဆိုတဲ့ အတိတ်က အကြောင်းအရာ အဆိုး အကောင်း

တွေကို  ပြန်လည်းအောင့်မေ့ သတိရကြစမြဲပါ။  တကယ်လို့ အတိတ်က အကြောင်းအရာတွေကိုနည်း

နည်းလေးမှ ဂရုမပြုမိ  ဘူးဆိုလျှင် အဲဒီလူဟာ အဆွေးအမျိုး ၊ အဖော်မွန် ကင်းမဲ့ပြီး မိမိပတ်ဝန်းကျင်နှင့် 

ယှက်နွယ်မူ့ မရှိပဲ အထီကျန် နေပါလိမ့်မည်။ တခြားအကြောင်းအရာတွေကို မေ့ထားချန်ထားလို့ရပေမယ့် 

မိမိ၏ မိဘနှစ်ပါးသည်ကား ချန်ထား၍ မရနိင်ပေ။

      ကျနော့်အတွက်တော့ ဖေဖေတို့မေမေတို့ စီးပွားရှာသည်ကာလ၌ ပင်ပမ်းဆင်းရဲခြင်း ဒုက္ခ ၊ 

အဆင်မပြေမှု့တွေကြားက ညည်းသံ ၊ မျက်နှာငယ်မေမေ့မှာဖြင့်သူကြွယ်တွေကြားမှာ သူ့အလိုလိုက် 

သူ့အကြိုက်ဆောင်ကား မေမေ့ မျက်နှာ အောက်ချို့လျှက် မေမေ့ စေတနာရိုးသားမူ့တွေက သနားစရာ၊ 

ဒီအကြောင်းတွေကို ပြန်လည်တွေးတိုင်း ကြိတ်မနိင်ခဲမရ ရင်တနင့်နင့်ဖြစ်ကာ လောကဓံ 

ကိုကြံ့ကြံ့ခံနိင်သည်ကား ကျွေး ဖေဖေ ရဲ့သတ္တိအားမာန် ၊ မွေးမေမေ ရဲ့ မာနအားမာန်း တွေပါပဲ ။ 

      နောက်ကြောင်းတွေ ခဏတန့် တဖန်ရှေ့သို့တွေးမိပြန်သော် အဝေးရောက် သားမိုက် ကျတော် 

အချိန်တွေကြာညောင်း ။ အခု ဆိုလျှင် ဖေဖေနှင့်မေမေ တို့ ဇရာအို အရွယ်ပြောင်း သည့်အချိန်မို့ ၊ 

အားအင်ချိငဲ့ ၊ မှုန်ဝေးမျက်လုံး ၊ ပြုံးသည့်သွားဖုံး မြင်တွေ့ပါလျှင် သားမိုက် ရင်မှာ စိတ်မကောင်းစွာဖြင့် 

ဝန်ချတောင်ပန်း ဝပ်တွားပူဇော်ကန်တော့လိုပါ၏ ။ ကာယကံ ၊ ဝစီကံ ၊ မနောကံ တို့ဖြင့် ပြစ်မှားမိခဲ့လျှင် 

ခွင့်လွတ်ပါလော့ ။

         အကယ်၍ နောင်ဘဝဆိုတာများ ကြုံခဲ့ပါမူ ပြန်ဆုံတွေ့ကြဤလူ့ဘဝတွင်လူ့ဘုံခမ်းဝါထိမ်ထိမ်သာ၍ 

ဥမကွဲ သိုက်မပျက် အဝေးတမြေခြားမနေရပဲ ပျော်ရွှင်ချမ်းမြေ့သာယာကြည်လင်သော မိသားစု ဘဝ 

သို့ ရောက်ရပါလို ဟု တောင်းဆု ပြုပါသည် ။ 

           အဝေးရောက် သားမိုက်..
                 
          ကျနော်....
              
           ဆန္ဒများစွာဖြင့် .....

           ထားဝရ ဂါရဝပြုလျှက်.........
                 
  ဖေဖေ ၊ မေမေ .........နေကောင်းပါစေ...။ပျော်ရွှင်ချမ်းမြေ့ပါစေ...။ ရာကျော်အသက် ရှည်ပါစေသော်....။
   


ညီစေနိင်
                 ၆၊၁၀၊၂၀၁၁ ။

2 comments:

မိုးခါး October 6, 2011 at 9:06 AM  

အဝေးကနေ ကူညီထောက်ပံ့နိုင်တာပဲ ကျေနပ်လိုက်ပါ .. အနီးကပ်တော့ မပြုစုနိုင်ဘူးပေါ့ .. ဒါမယ့် လိုအပ်တာတွေ ဖြည့်ပေးနိုင်ဖို့က အဓိကပါ

စံပယ်ချို October 25, 2011 at 1:14 PM  

ဟုတ်တယ်ဂျက်လဲအဲဒီလိုပါပဲ
ဘ၀ အဆက်ဆက်
ဥမကွဲ သိုက်မပျက် အဝေးတမြေခြားမနေရပဲ ပျော်ရွှင်ချမ်းမြေ့
ပါစေလို့...
လွမ်းလိုက်တာမေမေ့ အိမ်ကို

Post a Comment

မင်္ဂလာအပေါင်းနဲ့ပြည့်စုံစေ...

ညီစေနိင် ဘလော့ဂ်မှ ကြိုဆိုပါ၏ ။

သတ္တဝါအားလုံး ကျန်းမာ ၊

ချမ်းသာကြပါစေ၊

ဘေးအန္တရယ်ကင်းဝေးကြပါစေ...

စိတ်နှလုံးရွှင်ပြုံးကြစေသော်......


~~~~ ညီစေနိင် ~~~~