ငြိမ်းချမ်းမှု့

ငြိမ်းချမ်းမှု့

ကြေကွဲ မှု့တွေနဲ့
ဝမ်းသာမှု့တွေ
ဝေခဲ့တဲ့ အညတြရဲ့ကောင်ကင်အောက်မှာ
အိပ်စက်ခြင်း ညတွေဆိုတာ...
တခါတရံမှာ
လည်မျိုကို ဆို့နင့်မိခဲ့
တခါတရံမှာ
နှလုံးသားကို နာကျင်စေခဲ့...
တခါတရံမှာ.....
တခါတရံမှာ...
..............မှာ
အားလုံးကတော့ ငြိမ်းချမ်းမှု့ကို လိုလားကြတယ်.......။

ညီစေနိင်..
၃၁၊၁၂၊၂၀၁၁ ။

နောင်တ ရဲ့ အသိ

နောင်တ ရဲ့ အသိ 

အမေ
..........
......................

တချိန်ချိန်မှာ ကြေကွဲရမယ်ဆိုတာကြီးကို

ကျနော် သိသိကြီးနဲ့ဇွတ်အတင်း ကျောခိုင်ခဲ့တာ

အသိစိတ်တွေ ယိုင်းလှဲချိန်မှာတော့

အလွမ်းဓာတ်ခံတွေက ကြိုသိနေပြီလေ ......
............
................
အမေ
............
.................

ဟောဒီ......

တိုးတက်နေတဲ့...နိင်ငံကြီးတွေ

..........................မြို့ပြကြီးတွေ ဆီကို

.........................ဘဝပေး တာဝန်အနေနဲ့......

ကျနော်.....

ဘယ်တော့မှ မသွားချင်တော့ပါဘူး .. အမေ

ဒီတသက် ဘယ်သောအခါမှ အမေ ကို ပစ်မထားခဲ့ပါရစေနဲ့တော့......
..........
...............

အမေ......

ကျနော်........

ဘဝကို ရိုးရိုးအေးအေးလေးပဲ

နေထိုင်သွားချင်တယ်......
........................
................................ဆန္ဒများစွာဖြင့်.........။
....................................

ညီစေနိုင်.......
              ၂၂၊၁၂၊၂၀၁၁။

မြန်မာမှု့ဟန်...နဲ့...လုံမေပျို အလှ

မြန်မာမှု့ဟန်...နဲ့...လုံမေပျို အလှ

မြန်မာ အလှ 
မြန်မာ ဆန်ဆန်
သနပ်ခါးရေကျဲ လိမ်းကာခြယ်လို့
မြန်မာ ဟန်နဲ့ လုံမေပျို အလှရယ် ။

မြန်မာ အလှ 
ယဉ်တကိုယ်မယ်
ရင်ဖုံးအင်္ကျီ  ယောထမီနဲ့ 
မဟာဆန်တဲ့  လုံမေပျိုအလှရယ် ။

မြန်မာ ရိုးရာ 
တို့ဌာနေမှာ
လုံမေပျိုတို့ ခေတ်မဆန်တတ်ပေ
တောဆန်အလှနဲ့ ပျို့ယဉ်ကျေးသူတွေ ။

မြန်မာမှု့ဟန် နဲ့ လုံမေပျိုအလှ ဆိုတာ
ကမ္ဘာမှာ ယဉ်တာ မရှိတယ်
ရိုးရိုးယဉ်ယဉ် လုံမေပျို အသွင်
ဆင်ယဉ် ဆံထုံး တပွင့်ပန်းကုံး
တင့်ဆန်းပေတဲ့ ဆံကေသာကျော့ရှင် ။

လိုက်မမှီတဲ့  အနောက်တိုင်း စတိုင်
ယူနီဖောင်းနဲ့စကပ်တိုတိုတွေရယ် ။

တို့မြန်မာဆိုတဲ့ လုံမေပျို အလှက
တို့ သဘာဝဓလေ့ရဲ့ရိုးရာအမွေပါ ။

တို့ လုံမေပျို ယဉ်ကျေးပုံက
လူကြီးသူမရှေ့သို့ရောက်လျှင်
ခေါင်းငုံ့လို့ ဦးညွှတ်ကာ
ဂါရဝတောစ၊နိဝါတောစ စိတ်ဝယ်ထားပြီး
ဘာသာတရားကိုင်းရှိုင်း လို့ရယ်
စိတ်နှလုံးသိမ်မွေ့ပုံများ
အတုယူချင်စရာပေ
ရိုးသေတတ်တဲ့ တို့မြန်မာ လုံမေပျိုတွေပါ ။

တခေတ်ဆန်တဲ့ တို့လုံမေပျိုတို့ရေ
ဒူးပေါ်၊ပေါင်ပေါ်မနေပါနှင့်
နေခဲ့ပါသော် မယဉ်ကျေး
မြန်မာမိန်းကလေးအထင်သေး၏ ။

ယိုသူမရှက်၊မြင်သူရှက်စရာ
ကြင်သူသက်ထား မြင်သူလူအများ
စိတ်ရိုင်းဝင်၍ စိတ်သွားတိုင်မှာ
ဝစီ၊မနော ကံများလွန်ကျူး
ထိုသူလူအများ ကာယကံဖြင့် ပြစ်မှားမိဖွယ် စိုးရိမ်လှတယ် ။

မြန်မာဆန်တဲ့ လုံမေပျို အလှ 
မဟာဆန်တဲ့ ရနံ့ဆိုတာ
စေတနာမှန်နဲ့ပြောရရင်ဖြင့်
တရုတ်၊ကိုးရီးယား ရနံ့တွေကြားမှာ
လုံမေပျို အလှ ရနံ့ တွေပျောက်ကုန်ပါပြီလော ။

ခေတ်အလိုက်၊ခေတ်အကြိုက်
ခေတ် စရိုက်တွေနဲ့ခေတ်စတိုင်လ်ဆိုတာ
တမင်တကာများဝတ်ဆင်ထားလေသလားကွယ် ။

ခေတ်စတိုင်လ်တော့ထုတ်ပါလေ
တို့လုံမေပျို ဖော်တသင်း
အရှက် အကြောက်တရားတော့ရှိပါစေ ။

ငါ၏အကြိုက် ငါ့စရိုက်နဲ့
ဝတ်ဆင်ဖွယ်ရာ လုံမေပျို ဟန်မှာ
ကြေးမှုံပေါ်ရှိ ထိုရုပ် ဟန်အား
လှ၏မလှ၏ ကြည့်ရှု့ပါလေ
အမြင်ရိုင်း၊အတင့်မဆန်းလှတဲ့
ထို ဝတ်စုံအား ရနံ့မပြယ်ခင် ယဉ်ကျေးသိမ်မွေ့ကြစေချင် ။

မိရိုးဖလာ မြန်မာမှု့ဟန် လုံမေပျိုတို့ ဝတ်ဆင်စရာပေ
မြန်မာအလှ ရနံ့မပြယ်အောင် ထိမ်းသိမ်းကြပါဆို့လေ...။ ။


ညီစေနိင် ...
၁၄၊၁၁၊၂၀၁၁။











မိတ်ဆွေများနဲ့ နှစ်ပါးသွား ကခုန်ခြင်း


                                             မိတ်ဆွေများနဲ့နှစ်ပါးသွား ကခုန်ခြင်း
 
                                                    ၁။ငယ်ရွယ်စဉ်ကအတွေးစ

        ကျနော် ကလေးအရွယ်တုန်းကတည်က စဉ်းစားလာခဲ့ဘူးတာတစ်ခုရှိတယ်။အဲဒါကတော့ ငါတနေ့

အရွယ်ရောက်လာချိန်မှာ  ဘယ်ဒေသ၊ဘယ်နေရာမှာ ဘယ်သို့သော မိတ်ဆွေ အပေါင်းအသင်းတွေနှင့်

ခင်တွယ်ရပါ့မည်နည်းဆိုပြီးတော့ တွေးတောနေခဲ့ဘူးပါတယ်။အခုတော့မှ အသက်ရဲ့အပိုင်းအခြား တွေ

ကြောင့် မိတ်ဆွေတွေရဲ့ အကြောင်းတွေကို သေခြာပြန်စဉ်းစားနေမိပြီးတော့ ..ပြုံးရောင်သမ်းနေပါတော့

တယ်။လူ ဘဝ လူဒုက္ခထဲမှာလဲ လူကျင့်ဝတ်တွေက တယ်များသကိုး။အသက်တရာမနေရ အမူ့တရာပွေရ

ဆိုတဲ့စကားက တယ်မှန်သကိုး။  လူသုံးမျိုရှိသတဲ့ဗျာ ...အဲဒါတွေကတော့ လူ့ ၊ လူး ၊ လူ ပါပဲသတဲ့ဗျာ။ဒီထဲ

မှာ ကိုယ်နဲ့တူတဲ့ လူသုံးမျိုးထဲမှ လူ ဆိုတဲ့ အကြောင်းလေးတွေကိုတင်ပြချင်ပါတယ်။လူဆိုမှတော့ လူမှု့ရေး

ဆိုတာကို သိတတ် နားလည်းရပါမယ် ။ အဲဒီကတဆင့် လူမူ့ ဆက်ဆံရေးလို့ခေါ်ကြတဲ့ အပေါင်းအသင်း

မိတ်ဆွေဆက်ဆံရေးကလည်း အရေးပါလှတဲ့ ကဏ္ဌတစ်ခုပါပဲ။အရွယ်ရောက်လာကတည်က လူဆိုတာ

မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပဲနေထိုင်ကစား ကြီးပြင်းလာကြရပါတယ်။

                                        ၂။ မိတ်ဆွေ နဲ့ Sorry


        အခု ကျနော် ပြောလိုတာကတော့ ရင်းနှီးဘူးတဲ့ မိတ်ဆွေတွေအကြောင်းပါ။ခင်မင်မှု့၊ အခွင့်အရေး၊

ပျော်ရွှင်မှု့တွေနဲ့စတင် သိခဲ့ကြတဲ့ မိတ်ဆွေတွေအကြောင်းပါ။ အားလုံးပဲ မိတ်ဆွေနဲ့ ပတ်သက်တဲ့ 

နာလည်မှု့ သဘောထားလေးတွေအကြောင်းပြောချင်တာပါပဲ ။ကျနော့် ဆရာဦးမောင်မြင့်(အထက်

တန်းပြကျောင်းဆရာ၊စာရေးဆရာ၊နိင်ငံရေးသမား)ကတော့ နေညိုချိန်ရောက်ရင် ပြည်ရွှေဘိုထန်းတောဘေး

မှာ သူဆိုနေကြတေးတစ်ပုဒ်ကိုးစပြီးတော့ ခပ်ထွေးထွေးနဲ့ သီဆိုနေတတ်ပါတယ်။ ....တွံတေးသိန်တန်ရဲ့ 

..အသီတရာအညာတခု သီချင်ပဲဖြစ်ပါတယ်။ ...ဟေ့ ..သူငယ်ချင်ရေ....ဆိုတဲ့နေရာရောက်သွားလို့ရှိရင်ေ

တာ့ ဆက်ပြီးမဆိုတော့ပဲနဲ့ ..ဘာပြောလဲဆိုတော့ကာ..Sorry ပဲသူငယ်ချင်း....Sorry ပဲ..Very Sorry So 

Sorry ပဲသူငယ်ချင်း ရယ်လို့ပြောလေ့ရှိပါတယ်။ဘာ...သူငယ်ချင်းလဲ..ဆိုပြီးတော့ ဝမ်းနည်းတတ်ပါတယ်။

ဆရာအဲဒီလို ဘာကြောင့်ရေရွတ်ပါသလဲလို့ ကိုယ့်ကိုကိုယ်မေးခွန်းထုတ်ကြည့်မိပါတယ်။အခုချိန်ကြမှပဲသ

ဘောပေါက်ပါတော့သည်။သူဘဝမှာ မိတ်ဆွေတွေရဲ့ သစ္စာဖောက်ချင်းကိုခံခဲ့ရဘူးလို့ တဲ့ တိုက်ဆိုင်မိတိုင်

ကြေကွဲရလွန်းလို့ စိတ်ဖြေသိမ့်မိတာပါတဲ့..။ဒါဟာ သူအတွက် စိတ်ဖြေသိမ့်စရာSorry စကားတခွန်းပါပဲ။

                                          ၃။အားနာမှု့နဲ့အခွင့်အရေး မယူပါနှင့်

         ကိုယ်နေထိုင်ရာ အလုပ်တာဝန်တွေနဲ့ အတူ လက်တွဲပူပေါင်းခဲ့ကြရတဲ့ သူငယ်ချင်းမိတ်ဆွေတွေ

ကလည်းလူမျိုးစုံ စရိုက်မျိုးစုံတွေနဲ့ ကြင်လည်နေခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ အဝေးရောက်နေတဲ့ ကျနော်ဟာ 

မိဝေး၊ဖဝေးဘဝနဲ့ ရှင်သန်နေထိုင်ခဲ့ပါတယ်။ မိန်ရာဟင်းကောင်း၊ခင်ရာဆွေမျိုးဆိုတဲ့စကားအတိုင်း

ကျနော်တို့မြန်မာတွေသည်တဦးနဲ့တဦးမိသားစုတွေလို နေထိုင်စားသောက်ခဲ့ကြရပါတယ်။

       ဒါပေမဲ့လည်းလူတကိုယ်စိတ်တမျိုးစီမို့ နေရာအသီးသီးတွေက တရွာတပုဒ်ဆန်တဲ့ အသွင်

ဟန်ပန်သရုပ်တွေကြောင့် တူညီတဲ့သူရှိသလို ၊ အသွင်မတူညီတဲ့ သူတွေလည်း အများကြီးပါပဲ ။

မိတ်ကောင်းဆွေကောင်းဆိုတာတွေက တရွာတကျည်ဆောက်ခိုင်းခဲ့တဲ့ မိတ်ဆွေအိမ်တခုပါပဲ။ 

 အဲဒီမိတ်ဆွေတွေ ဟာ ကောင်းတာတွေလည်းရှိတယ်ဆိုးတာတွေလဲရှိကြပါတယ်။နောက်ဆုံး 

နားလည်မှု့မရှိကြပဲ အားနားမှု့တွေကို အခွင့်အရေးယူကြပြီးတော့ မသိချင်ယောင်ဆောင်လျှက်

လူတဖက်သားအပေါ်အထင်းသေးအမြင်သေးတွေနဲ့ ခင်မင်မှု့ကို မိတ်ပျက်စေအောင် ဖန်တီတယ်

 ၊စိတ်နာကြင်စေအောင်လည်း ဖန်တီးတတ်ကြပါတယ်။ ဆိုလိုတာကတော့ မိတ်ဆွေအတုအရောင်တွေ

ရှိကြပါတယ်။ရင်ထဲကမပါပဲနဲ့ အကျိုးလိုလို့ညောင်ရေးလောင်းကြတဲ့သူတွေကိုပြောတာပါပဲ။တချို့ကြ

တော့လည်း မိတ်ဆွေဆိုတဲ့ သံယောဇဉ်တွေကို သေသည်ထိအောင် မိတ်ဆွေဆန်ဆန် နေထိုင်းတတ်ကြ

ပါတယ်။မိတ်ဆွေဆိုတာ အရေးတကြီးအကူအညီလိုအပ်နေချိန်မှာ ဘေးကနေ ဖေးမကူညီပေးတဲ့သူသာ

အရင်းနှီးဆုံးမိတ်ဆွေတွေ လို့ သတ်မှတ်ကြပါတယ်။မည်သို့ပင်ဆိုစေအုံးတော့ မိတ်ဆွေဆိုတာတွေက ကူ

ညီထိုက်လို့ကူညီတာမျိုထက် အားပေးစကားဆိုပြီးတော့ ဘေးကနေ ဖေးမကူညီတာတွေလဲ ရှိကြပါတယ်။

လူတိုင်းကကိုယ့်ဝန်နဲ့ကိုယ့်တာဝန်ရှိကြတတ်ပါတယ်။မနိင်မနင်းဝန်တွေကိုတော့ဖေးမကူညီလို့မဖြစ်တဲ့အခါ

မှာတဦးနဲ့တဦးနားလည်မှု့လေးတွေတော့ပေးတတ်ရမှာပဲ။

                                           ၄။ နွေးထွေးတဲ့ မိတ်ဆွေဆက်ဆံရေး

    မိတ်ဆွေတိုင်းသည် ပြဿနာကိစ္စတစုံတခုပေါ်လာလို့ရှိရင် ဘေးနားမှာကိုယ့်ရဲ့အချစ်ဆုံး၊အခင်မင်းဆုံး 

မိတ်ဆွေတွေဆီကို အကြံညဏ်တွေတောင်းပြီးတော့ ရင်ဖွင့်တတ်ကြပါသေးတယ်။ အဲဒီအချိန်မှာ 

ခင်မင်သူတွေက အကျိုးအကြောင်းကို ချင့်ချိန်ပြီးတော့ အဖြစ်သင့်ဆုံးအကြံညဏ်ကောင်းလေးတွေကို

ပေးတတ်ကြရပါတယ်။ တကယ်လို့သာကိုယ့်ဘေးမှာရှိတဲ့သူတွေကမိတ်ဆွေအတုအရောင်တွေဆိုရင်တော့

အားလုံးက အလွဲလွဲ အချော်ချော်တွေ ဖြစ်ကြပါလိမ့်မယ်။အဲဒါကြောင့် လူတယောက်ရဲ့ တစိတ်တပိုင်းကိုသိ

ချင်ရင်သူ့ရဲ့ပတ်ဝန်းကျင်ကမိတ်ဆွေ တွေကို ဖော်ကျူးကြည့်လိုက်ပါ။အဲဒီလူရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာအကျင့်

စရိုက်တွေကို သိရှိနိင်ပါတယ်။ မိတ်ဆွေဆိုတာ အဓိက အားဖြင့် ယုံကြည်ချစ်ခင်နှစ်သက်မှု့ တခုကို 

အခြေခံထားကြပါတယ်။ဘယ်လောက်ပင် ဝေးကွာ၊ခွဲခွါနေပါစေရင်းနှီးပြီးသာ မိတ်ဆွေတွေ နဲ့ပြန်တွေ့

တဲ့အခါ အားလုံးကိုယ်စီရင်ထဲမှာတော့ လှိုက်လှိုက်လှဲလှဲနဲ့ နွေးထွေးပျူငှာစွာနဲ့ဆက်ဆံတတ်ကြပါတယ်။ 

                                          ၅။အိမ်ထောင်သည်နဲ့ မိတ်ဆွေဆက်ဆံရေးနယ်ပယ်

         တကယ်လို့မိတ်ဆွေသူငယ်ချင်းတစ်ယောက်အိမ်ထောင်ကျသွားလို့ရှိရင်တော့အဲဒီလူဟာအရင်

တုန်းကလိုဆက်ဆံရေးမျိုးတွေမရှိကြတော့ဘူးလို့ထင်ကြပါလိမ့်မယ်။အဲလိုမဟုတ်ပါဘူးအိမ်ထောင်သည်

ဆိုတာအိမ်မှု့ကိစ္စအဝဝတွေကိုထိမ်းသိမ်းစောင့်လျှောက်ရမဲ့တာဝန်တွေပိုများလာပါတယ်။အရင်တုန်းကလိုမျိုး 

မသွားနိင်တော့ပါဘူး။အဲဒီအချိန်မှာ အိမ်ထောင်မကျ သေးတဲ့ သူငယ်ချင်းမိတ်ဆွေတွေက သူ့တို့အပေါ်

ဆက်ဆံရေးကျဲသွားပြီလို့ထင်တတ်ကြပါတယ်။ ဒါဟာ မိတ်ဆွေဆက်ဆံရေးကို ဖြတ်တောက်ပြစ်တာမ

ဟုတ်ပါဘူး။အေးချမ်းတဲ့မိသားစုဘဝကိုပိုင်ဆိုင်ဖို့အတွက်လှုပ်ရှားရုန်းကန်နေရတာပါ။မိန်းမဆိုတာ

ယောကျာ်းအပေါ် အားကိုယုံကြည်ပြီးတော့ချစ်ခဲ့တာပါ။အဲဒါကြောင့်ယောက်ျားတို့သည်အိမ်ထောင်ဦးစီး

အနေနဲ့ ကိုယ့်မိသားစုအပေါ် အေးချမ်းသာယာမှု့ရှိလာအောင် အမြဲတမ်းပြုစုပျိုးထောင်နေရပါတယ်။ 

အဲဒီလိုပဲ မိန်းမဆိုတဲ့ သူတွေကလည်း မယားဝတ်တရားနှင့်အညီ တဘက်တလှမ်းကနေပြီးတော့ ဝိုင်းကူ

ညီပြုစုပျိုထောင်ကြရပါတယ်။အရင်လို လွတ်လပ်ပေါ့ပါးစွာနဲ့ ပျော်ရွှင်စရာကောင်းတာတွေကိုတော့ စိတ်


ကူးယဉ်ယုံကလွဲပြီး ဘာမှ မလုပ်ြဖစ်တော့ပါဘူး။တဆက်တည်မှာပဲ လင်နဲ့မယားတို့၏ အူတိုတာတွေ ညူစူ


သဝင်တိုတာတွေကလည်း မိတ်ဆွေ ဆက်ဆံရေးကြားမှာ အခက်အခဲတွေ့ရတတ်ပါတော့တယ်။ဒါတွေကို


လည်အကောင်းဆုံးနဲ့အတတ်နိင်ဆုံးဖြစ်အောင်မိတ်ဆွေဆက်ဆံရေးကြားမှာနားလည်းမှု့တွေ ပေးနိင်ရပါမယ်

အဲဒီလိုအချိန်တွေမျိုးမှာ မိတ်ဆွေဆက်ဆံရေးတွေက တဖြည်းဖြည်းနဲ့ လျော့ကြလာတာတွေတွေ့ရတတ်ပါ

တယ်။ ဒီလိုမျိုးတွေက မိတ်ဆွေဆက်ဆံရေးအနေနဲ့ မပျက်သင့်ကြပါဘူး။
           
         ကျနော်တို့ မြန်မာလူမျိုတွေမှာ တလင်တမယားစနစ်ဆိုတာကို ကျင့်သုံးနေထိုင်ကြပါသည်။တပင်လှဲ


လို့တပင်ထူတာတွေလဲ ရှိကြပါတယ်။အကြောင်းအမျိုးမျိုးကြောင့် ကွာရှင်းပြတ်ဆဲခဲ့ကြရတဲ့ အိမ်ထောင်ရေး


တွေလည်းရျိခဲ့ကြ၏ ။သုံးနှစ်သုံးမိုး ဆိုတာထက်ကျော်ပြီးတော့ ချစ်သူရည်စားသက်တမ်းတွေ ရှိကြသည့်တိုင်


ကွေကွင်းကြတာတွေလဲ ရှိခဲ့ကြပါတယ်။ အဲဒီအားလုံးထဲက အချစ်၊အမုန်း၊အရှုံး၊အနိင်တွေဆိုတာ တကယ်


တော့ သူတို့တွေသည် ချစ်တာခြင်တွေကအတူတူနဲ့ပဲ အစပြုခဲ့ကြပါတယ်။ဒါပေမဲ့ တဘက်သာလူအပေါ်

မှာ မေတ္တာသဘောမထားပဲ မိတ်ဆွေဆက်ဆံရေးကိုပါ ပျက်ကွက်စေခဲ့ကြရတယ်။

                                             ၆။အနောက်တိုင်းရဲ့ မိတ်ဆွေဆက်ဆံရေး

        အနောက်နိင်ငံတွေမှာကြတော့ အချစ်နဲ့စ၊ အိမ်ထောင်နဲ့ပြိုကွဲ ခဲ့စေအုံးတော့ သူတို့တွေရဲ့ ဆက်ဆံ


ရေးတွေက နောက်ဆုံးတော့လည်း မိတ်ဆွေဆက်ဆံ ရေးနယ်ပယ်တွေမှာပဲ ပြန်လည်း ဆုံဆည်းဖို့အတွက်


နားလည်ပေးနိင်တဲ့ နည်းလမ်းတွေကို ရှာကြပြီးတော့ ဆက်လက်ပြီးတော့ ပြုံးပြ လက်ဆွဲနုတ်ဆက်ခဲ့ကြပါ

တယ်။သူတို့တွေရဲ့ ဘဝပျော်ရွှင်မှု့ပဲဖြစ်စေ စိတ်ပင်ပမ်းလို့ပဲဖြစ်စေ နောက်ဆုံးတော့လဲ မိတ်ဆွေတွေနဲ့ပဲ


ဘဝအမော ကို ရင်ဖွင့်ကြရပါတယ်။ဒါတွေက အသက်ကြီးလာပြီဆိုရင် လူတိုင်းက ခင်မင်ရင်နှီးတဲ့သူတွေ

ကိုပဲ လိုလာကြတယ်၊မျှော်လင့်ကြပါတော့တယ်။ သူတို့တွေခင်မင်ပြီးသားလူတွေ၊မိတ်ဆွေဖွဲ့ပြီးသားလူတွေ


အပေါ်မှာ ဘယ်တော့မှ မိတ်ဆွေဆက်ဆံရေးတွေမပျက်အောင်လို့ အမြဲတမ်းပြုစုပျိုထောင်ပြီးတော့မှနား

လည်မှု့တွေပေးတတ်ကြပါတယ်။ပွင့်လင်းမှု့ကိုလဲအခြေခံတယ်။ရိုးသားမှု့နဲ့အမှန်တရားကိုလဲသူတို့တွေက


တန်းဖိုးထားတတ်ကြပါတယ်။

                                                    ၇။မိသားစုဆန်တဲ့မိတ်ဆွေဆိုတာ

                   အဲဒါကြောင့် မိတ်ဆွေပေါများတဲ့ လူတစ်ယောက်ရဲ့ ကုသိုလ်ကံဆိုတာလဲအင်မတန်မှကို 

ကုသိုလ်ကံထူးတဲ့ သူပါပဲ။မိတ်ဆွေဆက်ဆံရေးဆိုတာ လုပ်ယူလို့ရပေမဲ့  ရေရှည်မှာ ပြုစုပျိုထောင်းဖို့ကြ


တော့လည်း ခက်ခဲပါတယ်။အခုဆိုရင်internetတွေfacebookတွေမှာအမျိုးမျိုးသော သူငယ်ချင်း၊မိတ်ဆွေ၊


ဆိုတာတွေက ဝါသနာတူရာ၊အကြိုက်ချင်တူကြတဲ့ သူတွေပဲ ။ အဲဒီကမှတဆင့် မိတ်ဆွေထက်ပိုပြီးတော့ သံ


ယောဇဉ်ရဲ့ချည်နှောင်ခြင်းကြောင့် ဖြစ်သွားကြတဲ့ ချစ်သူတွေအဆင့် ၊ အိမ်ထောင်သည်အဆင့်ထိရောက်


ကြတာတွေလဲ ရှိခဲ့ကြပါတယ်။တကယ်စဉ်းစားကြည့်ရင်လည်း မိတ်ဆွေဆက်ဆံရေးမှာ ချစ်ခင်မှု့ ၊ယုံကြည်


မှု့လေးတွေမပါပဲနဲ့တော့လည်း မိတ်ဆွေဆိုတဲ့ ဆက်ဆံရေးကို မရနိင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့အပြန်

အလှန် လေးစားကြတဲ့ မိတ်ဆွေဆက်ဆံရေးတွေမှာ ယုံကြည်မှု့နဲ့ အထင်ကြီးလေးစာမှု့တွေကို အရေးတ


ယူလက်ခံထားကြလို့ပါပဲ။မိတ်ဆွေသူငယ်ချင်တွေတိုင်းမှာ ကောင်းလေတွေနဲ့ကောင်မလေးတွေနဲ့ရောနှော

ဖွဲ့စည်းထားတဲ့ အသိုင်းအဝိုင်းတွေဆိုရင် ပိုပြီးတော့ပျော်ဖို့ကောင်းပါတယ်။

        အကျိုးလိုလို့မိတ်ဆွေဖွဲ့တာမျိုးတော့မဖြစ်သင့်ဘူးထင်တယ်။ဒါဟာ မိတ်ဆွေအတုအရောင်တွေပဲ။ 

အခွင့်အရေးသမားတွေပဲ။သာယာညာပေါင်းစားနေတဲ့သူတွေလို့ပဲ မြင်မိပါတယ်။ မိတ်ဆွေဆိုတာမျိုးက 

အနုပညာဆန်တဲ့မိသားစုပုံစံပဲဖြစ်သင့် တာပေါ့။

 တကယ်တမ်းကြတော့မိတ်ဆွေဟုဆိုကြရာဝယ်တဦးနဲ့တဦးအပြန်အလှန်နားလည်မှု့တွေနဲ့ညီအ မောင်နှမတွေ

လိုချစ်ချစ်ခင်ခင်၊ရင်းရင်းနှီနှီ နေထိုင်သင့်ပါတယ်။သူ့ဝါသနာ၊ကိုယ့်ဝါသနာ တွေကအစအပြန်အလှန်ဆွေးနွှေးပြီး

ဝေဖန်လို့အကြံညဏ်ကောင်းတွေပေးရမှာဖြစ်တယ်။ တခါတလေမိတ်ဆွေအဆင့်ထက်ကျော်ပြီးတော့သံေ

ယာဇဉ်တွေရှိကြတာမျိုးလည်းရှိပါတယ်။ဒီထက်လည်းမပိုကြတဲ့သံယောဇဉ်တွေရှိခဲ့ကြတယ်။သို့ပေမဲ့သူတို့တွေရဲ့

ရင်ထဲမှာချေစ်ခင်ယုံကြည်မှု့တွေအပြည့်ရှိနေကြပါတယ်။

                                                     ၈။အချစ်နဲ့ မိတ်ဆွေဖွဲ့ဆိုခြင်း 

               တခါတုန်းကကောင်းလေးနဲ့ကောင်မလေးတို့နှစ်ဦးရဲ့မိတ်ဆွေဆိုတဲ့ ကြားမှာတသက်လုံးနေ

သွားကြတဲ့ဇတ်ဝင်းခန်းလေးတစ်ခုကိုသတိရမိပါတယ်။ ကောင်းလေးနဲ့ကောင်းမလေးတို့ရဲ့ ခင်မင်မှု့တွေ

ကမိတ်ဆွေဆက်ဆံရေးအစစ်မှန်တွေဆိုတော့ ပတ်ဝန်းကျင်းကဘာပြောကြသလဲဆိုတော့ မရိုးသာကြတဲ့ 

မိတ်ဆွေတွေပါလို့ပြောကြပါတယ်။ဘယ်သူတွေဘာပြောပြော ကောင်းလေးနဲ့ကောင်းမလေးတို့နှစ်ဦးကတော့ 

သူငယ်ချင်းအဆင့်နဲ့ပဲနေထိုင်ကြတယ်။စားတယ်၊သွားမယ်၊လာမယ်၊တဦးနဲ့တဦးရိုင်းပင်ကြပါတယ်။ နှစ်တော်တော်

များများအတူနေလာခဲ့ပြီးမှ သူတို့နှစ်ဦးရဲ့ ရင်းနှီးမှု့တွေက ရင်မခုန်စေခဲ့ကြပါဘူး။ဒီလိုနဲ့ တနေရာဆီ

ပြောင်းရွေ့ခွဲခွာသွားကြရပါတယ်။ နောက်ဆုံးခွဲခွာချိန်မှာတော့တဦးနဲ့တဦးတွေ့နူတ်ဆက်မသွားခဲ့ကြပါဘူး။

အဲဒီလို အချိန်ထိအောင် ကောင်းလေးနဲ့ကောင်မလေ ချစ်တယ်ဆိုတဲ့စကားတွေကိုပြောမထွက်ကြဘူး။မ

ပြောရဲ့ခဲ့ကြဘူး။ မိတ်ဆွေစစ်တွေဆိုတော့ ဒီထက်ပိုလို့မကောင်းတဲ့ မေတ္တာတရားတွေကရှိကြတာကိုး။

ဘာလိုလိုမိတ်ဆွေခွဲခွာခြင်းဆိုတာတွေကိုအမှတ်တမဲ့နေလိုက်ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ 

သူတို့စိတ်ထဲ ၊ရင်ထဲမှာ အမြဲတမ်းခင်မင်းနေကြလိမ့်မယ်လို့ယုံကြည်ခဲ့ကြလို့ပါပဲ။

      တချို့တွေကြတော့လဲ သူငယ်ချင်းအချင်းချင်းအိမ်ထောင်ပြုကြပါတယ်။ဒါမျိုးတွေကပိုကောင်းပါတယ်။

ငယ်ကတည်းကတယောက်အကြောင်းတယောက်သိပြီးသားတွေဆိုတော့ အခင်မင်မပျက်ရတော့ဘူးပေါ့။

မိတ်ဆွေတွေကလဲနားလည်မှု့ပိုမြန်လာကြတယ်။တချို့သူငယ်ချင်းမိတ်ဆွေတွေကြတော့လဲသမီးရည်းစားလဲမဟုတ် 

မိတ်ဆွေထက်လဲမက နဲ့ တဦးနဲ့တဦးကြားမှာ ဟာတာတာနဲ့ အိုရွယ်ချိန်ထိမိတ်ဆွေဆက်ဆံရေးတွေက

မပျက်ကြပါဘူး။နောက်ကြောင်းတွေပြန်လည်ပြောကြရင်းဖြင့်ဘဝကိုပျော်ရွှင်ကျေနပ်နေကြတာပဲ။ 

                                                ၉။မိတ်ဆွေနဲ့ငွေ

      တချို့ကြတော့လဲ အကျိုလိုလို့ မိတ်ဆွေဖွဲ့ကြတာတွေရှိပါတယ်။မိတ်ဆွေနဲ့ငွေ၊မိတ်ဆွေနဲ့စီးပွားရေး 

ဒါတွေအားလုံးဟာသီးခြားစီထားရှိသင့်ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ငွေကြေးဓန ကြောင့် အရင်းနှီးဆုံး

မိတ်ဆွေတွေ ပျက်စီးတတ်ကြလို့ပါပဲ ။ဘာဖြစ်လို့လဲဆိုတော့မိတ်ဆွေဆိုတာမိသားစုပုံစံလိုရင်းနှီးနေကြတဲ့

မိတ်ဆွေဟောင်း တွေဖြစ်နေခြဲ့ကလို့ပါပဲ။ ငွေကြောင့်လူမှု့ဆက်ဆံရေးတွေပြတ်တောက်သွားခဲ့ကြတာဟာ

မိတ်ဆွေတွေမှမဟုတ်ပါဘူး။ မိသားစု အရင်းတွေညီအကိုမောင်နှမတွေလည်း စိတ်ဝမ်းကွဲခဲ့ကြရပါတယ်။ 

မိတ်ဆွေပဲဖြစ်ပါစေ၊မိသားစုပဲဖြစ်ပါစေတော့ ငွေကြေးကိစ္စတွေကိုကန့်သတ်မှု့နဲ့ ခြားနားထားသင့်တယ်လို့

ထင်ပါတယ်။စေတနာရှိရင်တော့ပေးလှူကြပါ၊ကျွေးမွေးကြပါ၊ပေးကမ်းကြပါ။အဲဒါလဲပဲ သတ်မှတ်ထားတဲ့

ကိုယ့်ရဲ့သီးခြားထဲကငွေကြေးပဲဖြစ်သင့်ပါတယ်။ ကြွေးယူတော့ပြုံး၊ပြန်တောင်းတော့မုန်းဆိုတဲ့စကားလဲရှိတာ

ပဲလေ။အကောင်းဆုံးကတော့စေတနာရှိရင် တတ်နိင်သလောက်ထောက်ပံ့ပေးလိုက်ပါ။တကယ်လို့ငွေချေ

တာတွေများပြီးပြန်မပေးနိင်ရင်တော့ အခင်အမင်ပျက်တတ်ပါတယ်။ ဒါပေမဲ့လည်း ကြွေးယူရဲတဲ့သူကလည်း

စဉ်းစားသင့်တာပဲကိုယ်ကပြန်ပေးနိင်းတဲ့ဓနအင်အားရှိလားဆိုတာကိုပေါ့။ ပေးတဲ့သူကလည်စေတနာပိုလွန်ပြီးပေး

တာတော့ကောင်းပါတယ်။ဒါပေမဲ့ အဲဒီယူတဲ့လူက ကိုယ့်ကို ပြန်ပေးနိင်လိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်တွေနဲ့

တော့ဖြင့်မပေးသင့်ပါဘူး။ တကယ်လို့များအကြောင်းတခုကြောင့်မပေးနိင်ခဲ့ရင်တော့ဖြစ်

နှစ်ဦးနှစ်ဘက် မိတ်ဆွေတွေပျက်ကြတာတော့ ဘယ်ကောင်းမလဲနော်။ နှစ်ဦးစလုံးကတော့ ငါ့အပေါ် 

လုပ်ရက်လေခြင်း၊သူ့အပေါ် မှာငါ့အမှားတွေရှိခဲ့တယ်ဆိုပြီးတော့ သေခန်းပြတ်ကြတဲ့ မိတ်ဆွေဆက်ဆံရေး

တွေ က ပိုပြီးတော့ တင်းမာလားကြတော့တယ်။ 

                                      ၁၀။မရိုးသားတဲ့မိတ်ဆွေနဲ့ရိုးသားတဲ့မိတ်ဆွေအကြောင်း

        မရိုးသာတဲ့မိတ်ဆွေနဲ့ရိုးသားတဲ့မိတ်ဆွေဆိုတာအလွန်ကွာခြားလွန်းလှပါတယ်။မရိုးသာတဲ့

မိတ်ဆွေတွေဟာ ဘယ်အရာကိုပဲ လုပ်လုပ် အကောက်ကြံတဲ့ ညဏ်တွေကတခါတည်းပါလာပြီးသာပါ။

ဒီလူကိုငါကူညီလိုက်ရင် ၊ကူပြောပြလိုက်ရင် ဒါမှမဟုတ် တခါလေးပြောပြပြီး ယုံသွားပြီဆိုမှ ငါသူ့ဆီက 

လိုချင်တာတွေကို ယူမယ်။ အဲလို မရိုးသာတဲ့ မိတ်ဆွေတွေရဲ့ ကူညီမှု့ဟာဘယ်အရာပဲဖြစ်နေပါစေ 

မအောင်မြင်ပါဘူး။ကြာရှည်မခံကြပါဘူး ။တခဏအတွင်းမှာမိတ်ဆွေဆက်ဆံရေးတွေ ပြတ်တောက်သွားကြ

ပါတော့တယ်။အဲလိုမရိုးသာတဲ့ မိတ်ဆွေတွေနဲ့ရိုးသာတဲ့ မိတ်ဆွေတွေ ပေါင်းသင်းဆက်ဆံတဲ့ အခါ 

အရမ်းကိုသိသာလွန်နေတာကတော့ ထူးခြားမှု့တခုပါပဲ။ရိုးသားတဲ့ သူတွေဟာ တခြားသူ ပြောနေတာတွေ

လုပ်နေတာတွေကိုသိသာမြင်သာနေရဲ့နဲ့ဖွင့်မပြောတတ်ကြပါဘူး။ရိုးသားနေတဲ့စေတနာအားနာမှု့တွေက 

တဘက်သားအပေါ် မနစ်နာစေချင်ဘူး။အချင်းချင်းတွေမို့ ပြောမထွက်ဘူး။


ကိုယ်ပြောလိုက်တဲ့ စကားတခွန်းကြောင့် စိတ်အနှောက်အယှက်မဖြစ်စေလိုပါဘူး။ဒီလိုပဲ သူတနေ့နေ့


တော့ပြုပြင်လာမယ့်အချိန်ကို မျှော်လင့်နေတတ်ကြပါတယ်။အဲဒါကို မရိုးသားတဲ့မိတ်ဆွေတွေက အခွင့်


 ကောင်းယူလိုကြပါတယ်။ တကယ်စင်စစ် မရိုးသားတဲ့ မိတ်ဆွေတွေသည် သိပ်မကြာပါဘူး ချက်ခြင်းပဲ 

 ဆက်ပြီးတော့ မဆက်ဆံကြတော့ပါဘူး။ ဒါပေမဲ့ သူတို့လိုတာရှိရင်တော့ သူငယ်ချင်း ဘာဖြစ်တယ် 

ဘာညာပေါ့ စကားပြောချိုချိုလေးတွေနဲ့ ချင်းကတ်လာပါတော့တယ်။ မရိုးသားတဲ့မိတ်ဆွေတွေသည် သူတို့


ကိုယ်သူတို့ လည်လှသည်၊တော်လှပြီးဆိုပြီးထင်နေတတ်ကြတယ်။တကယ်တော့ ရိုးသားတယ်ဆိုတဲ့သူတွေ


ကလည်း စင်လုံးချောရိုးအနေကြတဲ့ သူတွေမဟုတ်ဘူးဆိုတာတော့ သူတို့တွေသိသင့်တယ်။ မိတ်ဆွေဆက်

ဆံရေးဆိုတာ အပေးအယူမျှတမှု့တွေထက် နာလည်းမှု့တွေအပြန်အလှန်ထားရှိသင့်ကြပါတယ်။မိတ်ဆွေ

တွေသစ္စာဖောက်ရင် တကယ်ကြောက်ဖို့ကောင်းတာထက် တကယ်အံ့သြပြီးဝမ်းနည်းကြေကွဲမှု့မျိုးကိုခံစား

ရပါတယ်။ကိုယ်ဘက်က ယုံယုံကြည်ကြည်လေးလေးစားစား ဆက်ဆံနေထိုင်တာကို မျက်ကွယ်ပြုပြီး သူဖြစ်

ချင်တာတွေ အကုန်လုပ်ပြီး ထွက်ခွာသွားတာကတော့ကိုယ်ကိုကိုယ်တောင်ယုံမှာသံသယဝင်မိတယ်။ငါသူ့ 

အပေါ် မကာင်းတာဘာမှမိလုပ်ခဲ့ပါဘူး။ သူ့ကိုလဲ မနာလိုတဲ့စိတတွေမရှိခဲ့ပါဘူး။သူတို့တွေပျော်နေကြတာ


အဆင်ပြေနေကြတာကိုပဲ ကြည့်ပြီးတော့ ပီတိတွေဖြစ်နေခဲ့ရတာပါ။ ကိုယ့်မိတ်ဆွေ အပေါင်းအသင်း တိုးတ

က်အောင်မြင် ကြီးပွားတာကိုပဲ မြင်ချင်ပါတယ် ။ သူတို့တွေအောင်မြင်မှု့အတွက်လဲ လမ်းညွှန်းပေးခဲ့ဘူးတာ

ပဲ။အမြဲတမ်းယုံကြည်စွာနဲ့ဆက်ဆံလာခဲ့ကြတဲ့မိတ်ဆွေကောင်းတွေကိုမှတဒင်္ဂအတွင်းငွေကြေးတခုနဲ့သတ်ပစ်

လိုက်တာတော့ ကျနော်ကြေကွဲလို့မဆုံးပါဘူး။


                                ၁၁။ မိတ်ဆွေတွေထဲမှာ ရိုးသားတဲ့ မိတ်ဆွေ အမျိုးအစားနှစ်ခုရှိပါတယ်

(က)သိလျှက်နဲ့ရိုးသာခြင်း

(ခ)မသိပဲနဲ့ရိုးသာခြင်း ဆိုပြီးတော့ ရှိပါတယ်။
          
               (က)သိလျှက်နဲ့ရိုးသားခြင်းဆိုတာကတော့ နားလည်မှု့ကိုရှေ့တန်းတင်ပြီး ရိုးသားစွာ

ပြောဆိုတတ်သည်။ ယြုံကည်မှု့နဲ့ချစ်ခင်မြတ်နိုးခြင်းတွေကို ကိုးကွယ်ကြပါတယ်။နားလည်မှု့နဲ့အာနာခြင်း၊

နားလည်မှု့နဲ့သဘောကောင်းခြင်း၊နားလည်းမှု့နဲ့ ကူညီပေးတတ်ခြင်း တွေပါပဲ။သူတို့တွေက ဘယ်အရာမ

မဆို အားလုံကို ခွင့်လွတ်ပေးတတ်ကြပေမဲ့ အားလုံးကိုတော့ ဘယ်တော့မှ မမေ့ဘူးဆိုတဲ့ သူတွေပါ။သွေး

အေးစွာနဲ့ ရိုးသားကြတဲ့သူတွေပဲ။သူမိတ်ဆွေတစ်ယောက်က အကျင့်မကောင်းဘူးဆိုရင်တော့အဲဒီလူကို 

စိတ်ထဲမှာ တေးမှတ်ထားပြီပီပဲ။ယုံကြည်မှုကလဲမရှိတော့ဘူး။ အဲဒီလူပြောသမျှစကားတွေဟာလည်း အရာ

မဝင်တော့ဘူး။လူပေါင်းပြီးတော့ စိတ်မပေါင်းတော့တဲ့သဘောပါပဲ ။


           (ခ)မသိပဲနဲ့ရိုးသားခြင်းဆိုကတော့ရိုးအနေတဲ့လူ၊စာမတတ်ပေမတတ်ပညာညဏ်အားဖြင့်

ထိုင်းမှိုင်ပြီးတော့ဗဟုသုတနည်းတဲ့ရိုးစင်စွာမသိတတ်တဲ့သူပါပဲ။အဲလိုလူမျိုးတွေကြတော့လည်းမိတ်ဆွေအဖြစ်

ရောက်လာကြပြီဆိုရင်တော့ဘယ်သူတွေဘာပြောပြောရိုးအစွာခေါင်းညိတ်တတ်ကြပါတယ်။သူတို့ကိုယ်တိုင်း

ပြောလိုက်တဲ့ စကားတွေကလဲပဲ ရိုးအစွာနဲ့ ရင်ဖွင့်တတ်ကြပါတယ်။

        တောသူတောင်သားတွေသည် အများအားဖြင့်တော့ မေတ္တာစေတနာတွေ ပိုတတ်ကြပါတယ်။သူတို့ရဲ့

စိတ်ထဲမှာ ဘာကိုမှ မျှော်လင့်ပြီးတော့ ကူညီပေးကမ်းကြတာမဟုတ်ပါဘူး။စကားပြောစရာရှိတာတွေကိုလဲ

မခိုမဝှက်ပွင့်လင်းစွာနဲ့ ရင်ဖွင့်တတ်ကြပါသေးတယ်။ သူတို့အပေါ် ပြစ်မြင်တာတွေ၊အကျိုးယုတ်တာတွေကို

လည်းဂရုမစိုက်ကြပါဘူး။သူတို့တွေကနာစရာရှိလည်းပြုံးနေတာပဲ၊ပျော်စရာရှိလည်းပြုံးပျော်နေကြတာပါပဲ။

မှားသည်ဖြစ်စေမှန်သည်ဖြစ်စေ သူတို့ရဲ့ရိုးအတဲ့စိတ်အစဉ်ကြောင့်အတ္တ၊မာန်မာနဆိုတာတွေကအများကြီး

မရှိကြတတ်ပါဘူး။ထူးခြားမှု့တခုကတော့သူတို့တွေကူညီပေးလိုက်ရတဲ့အတွက်အဆင်ပြေသွားတယ်ဆိုရင်

 ပဲ ဝမ်းသာနေကြပါတော့တယ်။

                                   ၁၂။မိတ်ဆွေကောင်းတို့ဆုံဆည်ရာ ဝန်ကျင် ဆွေးနွှေးခြင်း

         အရင်းနှီဆုံးမိတ်ဆွေတွေကြားမှာ အဆိုး အကောင်း အကျိုးအကြောင်းတွေကို ပွင့်လင်းစွာပြောပြသင့်


ပါတယ်။ ဒါမှလဲ အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးမှု့ အကြံညဏ်တွေကို အပြန်အလှန် သဘောထားတွေနဲ့


ဝိုင်းဝန်းကူညီနိင်ပါလိမ့်မယ်။ပျော်ရွှင်စရာပဲဖြစ်စေ၊ဝမ်းနည်းစရာပဲဖြစ်စေ၊ကြေကွဲစေအုံးတော့ အရင်းနှီးဆုံး


မိတ်ဆွေဆီမှာပဲ ပွင့်လင်းစွာရင်ဖွင့်ပြောပြလိုက်ပါ စိတ်သက်သာမှု့တွေကို ရလာပါလိမ့်မယ်။ အထီကျန်စွာ


နဲ့ တစ်ယောက်ထဲ မခံစားပါနဲ့ ခံစားချက်တွေကို မျှဝေးခံစားခွင့်ပေးလိုက်ပါ။ ဘယ်လို မိတ်ဆွေမျိုးပဲဖြစ်စေ


မိတ်ဆွေစစ်တာမှန်ရင်တော့ ကောင်းသောနည်းလမ်း ကောင်းသော အကြံညဏ်ကိုပဲပေးတတ်ကြပါတယ်။


ဒီနေရာမျိုးမှာ ယောက်ျားလေးနဲ့မိန်းကလေးမိတ်ဆွေ ဆက်ဆံရေးကြတော့ နည်းနည်းလေတော့ အခက်အ

ခဲရှိကြလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ မပြောသင့်တဲ့ မကြားနာသင့်တဲ့ မိန်းကလေးသဘာဝတွေကြတော့

ပွင့်ပွင့်လင်းလင်းပြောပြလို့မသင့်တော့ဘူး။နောက်တခုရှိသေးတယ်မိတ်ဆွေတွေ၊သူငယ်ချင်းတွေရဲ့အချစ်


ရေးရာတွေကြတော့လဲ ပြောသလောက်လွယ်ပေမဲ့ တကယ်တမ်းချစ်ကြိုက်ဖို့ကြတော့ တစ်ယောက်နဲ့တစ်


ယောက်ဖွင့်ပြောပြဖို့ရာ အင်မတန် ဝန်လေးကြတယ်။အဲဒီအချိန်မှာ ပွင်းလင်းတဲ့ ပါးစပ်တွေက စွံ့အနေကြ


ရော့သလားမှတ်တယ်။ အဲဒါဘာဖြစ်လို့လဲ ဆိုတော့ကာ တဦးရဲ့ ခင်မင်မှု့တွေ ၊ လေးစားမှု့တွေနဲ့ အချစ်


ရေးတွေထဲမှာ မရောနှောချင်ကြလို့ပဲဖြစ်တယ်။အဲလိုတွေ အထင်ကြီးလေးစားမှု့တွေကြားထဲမှာ အချစ်တွေ


စီးမျှောသွားပြီဆိုရင် အရင်ကလိုတန်ပြန်ပေးဆပ်ခြင်းခင်မင်မှု့မျိုးဆိုတာတွေသက်လုံးပြန်ရမှာမဟုတ်တော့

ပါဘူး။တချို့တလေမိတ်ဆွေတွေကြတော့လဲသိမ်းဆည်းထားကြတယ်။ဒါပေးမဲ့အသက်အရွယ်ပေါ်မှာလဲစိတ်

ဆဒ္ဒအလိုက်ကွဲကြပါသေးတယ်။ဆယ်ကျော်သက်ပိုင်းတွေမှာတော့ အချစ်ကို စသလိုနောက်ပြောင်သလိုနဲ့


တော့ ပြောဆိုကြမှာပဲ။မိတ်ဆွေဆိုတဲ့ အနုပညာက တကယ်တမ်းကြတော့ ငယ်ရွယ်လွန်းလှတဲ့သူတွေအတွ

က်တော့ မသိကြသေးပါဘူး။ အသက်အရွယ် အလိုက် လုပ်ငန်းခွင်ထဲရောက်ခါမှ မိတ်ဆွေရဲ့ သဘောထား

အမြင်တွေကိုသိလာပါတော့တယ်။ မိတ်ဆွေတွေကြားထဲဝင်ရောက်လာမှန်မသိရောက်လာချိန်မှာတော့ဖြင့်


လူတိုင်းက ကိုယ့်ကိုကိုယ် အိမ်မှာဗိုလ်လုပ်နေသလိုမျိုးနေချင်ကြတာကိုတွေ့လာပါတယ်။ကလေးစိတ်တွေ


လည်းမပျောက်သေးဘူး ၊ စကားပြောရာမှာလဲ အတိမ်းအစောင်းမခံပါဘူး။စိတ်ဆိုး၊စိတ်ကောက်ရာမှာလဲလွ


ယ်ကူးလွန်းလှပါတယ်။ပြောရရင်တော့ ကလေးဆန်လွန်ပြီးတော့ ကလေးတွေလို အတွေးလေးတွေနဲ့နေချင်

ကြတာပါပဲ။အဲဒီအချိန်မှာ နာလည်းမှု့မပေးနိင်တဲ့ သူငယ်ချင်းမိတ်ဆွေတွေနဲ့အတူနေထိုင်ကြတဲ့အခါ သိ

ခံစိတ်မရှိတော့ အထအနကောက်ပြီး အဆင်မပြေဖြစ်တတ်ကြတာပါပဲ။ အဲဒီလိုအချိန်မှာ ကြီးတဲ့သူတွေက

ငယ်တဲ့သူတွေကို ဆုံးမစကားပြောဆိုတတ်မှ အဲဒီကလေးဟာနားလည်းပြီး လိမ်မာရင့်ကျက်လာလိမ့်မယ်။

မိတ်ဆွေတွေထဲမှာလူကြီးလူငယ်မခွဲခြားပေးမဲ့ လူကြီးတွေကလူငယ်တွေထက်တော့အတွေ့အကြုံဗဟုသုတ 

ပိုကြွယ်ဝပါတယ်။ဒါပေမဲ့လည်းအနေကြာလာတော့လဲ ကိုယ့်ဘဝကိုယ်နေထိုင်ပေါင်းသင်းတတ်လာတာပါပဲ။


အဓိကတော့ ကိုယ့်အမှား ကိုယ်သိဖို့လိုတယ်။ကိုယ့်အမှန် ကိုယ်သိဖို့မလိုဘူးလားဆိုပေမဲ့ လိုတာပါပဲ။ကိုယ့်

ဘက်ကမှန်ရင် ကောင်းနေရင်တော့ မိတ်ဆွေ ဆိုတာ ချစ်ခင် ယုံကြည်နေမှာပါပဲ ။ ကိုယ့်အမှားကြတော့ 

ကိုယ့်ပြန်မြင်နိင်ဖို့ကြတော့ ခက်ခဲတယ်။ ကိုယ့်ရဲ့မိတ်ဆွေကောင်းတွေကပြောပြမှ သိတယ်။ဒီလိုချိန်မျိုးမှာ 

အမှား အမှန်ပြောပြောပေးတဲ့ မိတ်ဆွေတွေအပေါ် ကိုယ့်ဘက်ကနေ စိတ်တိုစိတ်ကောက်လို့မရပါဘူး။တန်

ပြန်ကျေးဇူးတောင်တင်သင့်ပါတယ်။ဒါမှလဲ မိတ်ဆွေကောင်းလူပီသပါတယ်။

                                           ၁၃။ အဆင့်အတန်းခွဲခြားတဲ့ မိတ်ဆွေများ


                 တစိမ်းဆန်လွန်တဲ့မိတ်ဆွေတယောက်အပေါ် ပြုမူဆက်ဆံပြီးတော့ပြောဆိုပေါင်းသင်းရ

တာလောက်ခက်ခဲတာမရှိပါဘူး။တခါတလေလူတွေက ပေါင်းသင်းရတဲ့အခက်အခဲမျိုးတွေကိုတွေ့ရတတ်ပါ

တယ်။အလိုက်မသိတဲ့လူတွေဆိုရင်ကူညီတော့ပေးချင်ပါတယ်။လမ်းတွေ့တိုင် ပြုံးပြနူတ်ဆက်ရတဲ့ဟန်ဆောင်

အပြုံးတုလုပ်ရတာလောက် စိတ်ဆင်းရဲတာ ကျနော် ဘဝမှာ စိတ်အဆင်းရဲဆုံးပါပဲ။ဘယ်လိုလူတန်းစာ

မျိုးတွေလဲဆိုတော့ ကိုယ့်ထက် ပါဝါ ကြီးတဲ့သူတွေ၊ဟိတ်ဟန်ကြီးတဲ့သူတွေ၊ပိုက်ဆံရှိတဲ့သူတွေပဲပေါ့။

သူတို့တွေကြတော့မိတ်ဆွေတွေလိုပေါင်းသင်းယူလို့လဲမရဘူး။ဒါပေမဲ့ရိုင်းပြနေတာလာဆိုတော့လဲမဟုတ်ပါဘူး။

ဒါဟာကိုယ်နဲ့မပေါင်းသင်းထိုက်တဲ့ လူတွေပဲလို့ပဲမှတ်ယူလိုက်ပါတော့တယ်။

                                   ၁၄။ ( - )ဖြင့် ( + )ပြီး ( x )ပင့် ( / )သုံး သူကိုရှောင်ပါ


          ကျနော် ငယ်တုန်ကပေါ့ဗျာ။အိမ်မှာမြေဖြူခဲတွေနဲ့ရေးထားတဲ့ အဖေ့ရဲ စာကြောင်းလေးတွေကို အခုမှ

ပြန်တွေးပြီးတော့နားလည်လာမိပါတော့တယ်။အဖေ ရေးထားတဲ့စာကြောင်းလေးကတော့(-ဖြင့်+ပြီးXပင့်/သုံးသူ

ကိုရှောင်ပါ)လို့ရေးထားတယ်။ဆိုလိုတာကတော့ (နူတ် ဖြင့် ပေါင်း ပြီး မြှောက် ပင့် စား သုံး သူကိုရှောင်ပါ)

လို့ရေးထားတာပါပဲ။အဲဒီအချိန်တုန်းကတော့ အမှတ်တမဲ့နဲ့နေလာခဲ့တာ အခုချိန်ရောက်မှ ပြန်တွေးပြီး

တော့ ဟုတ်ပါလားဆိုတာ လက်ခံနေမိတော့တယ်။ 

          တနေ့တော့ စင်္ကာပူနိင်ငံမှ ငယ်သူငယ်ချင်းတစ်ယောက်က ကျနော်ဆီကိုဖုန်းဆက်ပြီးတော့ပြော

ပါတယ်။သူငယ်ချင်း..တို့တွေ မြန်မာပြည်မှာငွေစုပြီးတော့ ဆိုင်ကယ်ဝပ်ရှော့တခုဖွင့်ကြမယ်တဲ့..။ကျနော်က

ကောင်းတယ် ဖွင့်မယ်ပေါ့။ ဒါပေမဲ့ သူကဘာပြန်ပြောလဲဆိုတော့ သူငယ်ချင်းတဲ့ အိမ်ထောင်ကျပြီးရင်တော့

Sorry ပါပဲတဲ့ အလုပ်အတူလုပ်လို့ မဖြစ်တော့ဘူးတဲ့ ။ကျနော် တော်တော် အံသြပြီးတော့ စိတ်ထိခိုက်သွား

မိတယ် ။ဘာဖြစ်လို့ ငါ့ ငယ်သူငယ်ချင်းကဒီလိုမြို့ပြနိင်ငံကြီးတွေမှာအလုပ်လုပ်နေပြီးတော့ အခုလိုမျိုးအ

တွေးစိတ်တွေရှိရတာလဲဆိုတာစဉ်းစားရင်းနဲ့ စိတ်ပျက်သွားမိပါတော့တယ်။စီးပွားရေးကစီးပွားရေး၊မိတ်


ဆွေကမိတ်ဆွေပဲ။ လူမှု့ရေးအရ ပျိုခြင်း၊အိုခြင်းဆိုတဲ့ မိတ်ဆွေတွေကိုလဲ ရင်းနှီးနေရမှာပါပဲ။မိတ်ဆွေနဲ့


အိမ်ထောင်ရေး ၊စီးပွားရေးနဲ့ လူမှု့ရေးတွေကြားမှာ ဘာပြဿနာမှမရှိပဲနဲ့ လုပ်ကိုင်းနေကြတဲ့ စက်ရုံကြီး

အများကြီးပါပဲ။အဲဒါတွေကိုသူနားမလည်နိုင်တာကိုတော့ ကျနော် ဝမ်းနည်းမိတာအမှန်ပါပဲ။ဒါဟာ မိတ်ဆွေ


အပေါ်မှာ ယုံကြည်စိတ်မရှိလို့ပါပဲ။ဒီလိုနားလည်းမှု့မပေးနိုင်တဲ့ မိတ်ဆွေတွေက နောင်ဘယ်အရာကိုပဲလုပ်

လုပ် အဆင်ပြေမှာမဟုတ်ပါဘူး။ဒီလို မိတ်ဆွေဆိုတာ..........။ Sorry ပဲပေါ့။

                                          ၁၅။ စာပေမိတ်ဆွေ(သို့) စာပေဆွေမျိုးသားချင်း 

      စာပေဆိုတာကတော့ ရေးသားထားသမျှ စာတွေတိုင်းကို စာပေရယ်လို့ အတိုချုံးပြောကြပါဆို့နော်။စာ

စာအုပ်စာပေလူ့မိတ်ဆွေရယ်လို့ဆိုရိုးစကားရှိခဲ့ကြသည့်အတိုင်း ပါပဲ။စာပေမြတ်နိုးတတ်တဲ့သူတွေတိုင်က


တော့ စာအုပ်စာပေတန်ဖိုးတွေကိုနားလည်းကြပါလိမ့်မယ်။တချို့အတွေးအခေါ်စာရေးဆရာတွေပြောတာ


တော့ စာဖတ်ခြင်းသည် လူငယ်တွေအတွက် ဗဟုသုတဖြစ်စေပါတယ် ၊ လူကြီးတွေအတွက်တော့စာ


ဖတ်ခြင်းသည် အပျင်ပြေဖတ်ခြင်း ဖြစ်စေပါသတဲ့ ။ ဘာပဲပြောပြောပါ စာဖတ်ခြင်းဟူသည် ကိုယ်ပိုင်အတွေး


အခေါ်ရဲ့ ညဏ်စေရာကို အကျိုးပြုပါလိမ့်မယ်။လောကမှာဘယ်အရာကိုပဲလုပ်ပါစေအဲဒီလိုကိုယ်လုပ်နေတဲ့ 

အရာတွေတိုင်းသည် မိမိနှစ်သက်သဘောကျလို့ ပြုလုပ်ခဲ့တာတွေကြီးပါပဲ။ ကိုယ်ကြိုက်လို့ကိုယ်ဖတ်တဲ့စာ


အုပ်ပဲဖြစ်စေ၊စာတစ်ကြောင်းပဲဖြစ်ပါစေကိုယ့်အတွက်တော့ သူနေရာနဲ့သူတော့ တနေရာရာမှာအထောက်


အကူပြုပါလိမ့်မယ်။တန်ဖိုးကြီးပါလိမ့်မယ်လို့လဲယုံကြည်ပါတယ်။တခါတလေ ကိုယ်ပိုင်းဆုံးဖြတ်လို့မရတဲ့အ


ခြေအနေတွေမှာ စာရေးဆရာတွေရဲ့ ပတ်သက်ရာ စာအုပ်တွေကို အားကိုးပြီးတော့ ရှာဖွေဖတ်ရတာပါပဲ။


သူတို့ရဲ့အောင်မြင်မှု့ပဲဖြစ်စေ၊ရယ်ရွှင်မှု့ပဲဖြစ်စေ ရည်ညွှန်းထားတာတွေကို အတုယူပြီးတော့မှ ပြုပြင်ရ


တာတွေလဲရှိကြပါတယ်။ စာရေးဆရာကံချွန်ကတော့ပြောပါတယ်သူကိုယ်တိုင်နှစ်၅၀လုံးလုံးရလာခဲ့တဲ့ ဘဝ


သင်ခန်းစာတွေကိုမှစာဖတ်သူလူငယ်တွေအတွက်နာရီပိုင်းအတွင်းသိမြင်လာအောင်ရေးသားပေးခဲ့ပါသတဲ့။

ဒါတွေကတော့ စာပေမိတ်ဆွေတွေရဲ့ အကျိုးနဲ့တန်းဖိုးလေးတွေကို ကျနော်ရေးသားတင်ပြထားတာဖြစ်ပါ

တယ်။အခုပြောချင်တာကတော့ စာပေမိတ်ဆွေလို့ခေါ်ခဲ့ကြတဲ့ စာပေဆွေမျိုးသားချင်းတွေအကြောင်းပြော


ချင်တာပါပဲ။

          လူတိုင်းမှာအနုပညာဆန်တဲ့ ကိုယ်ပိုင် စာပေရေးသားခြင်း၊စာဖတ်ခြင်းတွေကိုယ်ဆီရှိကြပါတယ်။အဲဒီ


ကမှတဆင့် ရလာခဲ့ကြတဲ့ အရင်းအနှီးကုန်ကြမ်းတွေနဲ့တွေးခေါ်မှု့ ထင်မြင်ယူဆချက်တွေကိုအခြေခံပြီး

တော့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် စာပေးရေးရာအကြောင်းတွေကို ဆွေးနွှေးတိုင်ပင်ဝေဖန်ကြပါတယ်။


အဲလိုစာပေတွေနှီးနှောဖလှယ်နေချိန်မှာ သူတို့တွေရဲ့ စိတ်ထားတွေက မိတ်ဆွေမိသားစုဆန်လာကြတယ်။


တစ်အိမ်နဲ့တစ်အိမ် ခင်ခင်မင်မင်ရင်းရင်းနှီးနှီးနဲ့ဝင်ထွက်သွားလာခဲ့ကြပါတော့တယ်။ တနေ့လောက်မှ စာ


ပေးမိတ်ဆွေတွေဆီကိုအလည်သွားပြီးတော့စကားမပြောရလျင် မနေနိင်ဖြစ်ကြပါတယ်။သူတို့မှာကိုယ်ကျိုး

အတွက်နဲ့ပြောကြတာလား မဟုတ်ပါဘူး။ ဒါဆို ဝါသနာပါလို့လားဆိုတော့လည်း မှန်တော့မှန်တယ် ဒါပေ

မဲ့ သူတို့တွေရဲ့နောက်ကျောမှာ နိင်ရေးဆန်ဆန်အတွေပုံရိပ်တွေလဲပါတယ်၊မျိုးဆက်သစ်တွေအတွက် အ


မျိုးသားရေးအတွက်တွေလဲ အရိပ်အငွေ့တော့ပါပြီးသာပါပဲ။ ပြောရရင်တော့ စာပေမိတ်ဆွေလူတိုင်သည် 

သူတို့တွေရဲ့ အနာဂတ်မျှော်လင့်ချက်တွေက လူသားအားလုံးအတွက် တွေးခေါ်ကြံဆနေကြတာပါပဲ။အဲဒီ

အထဲမှာပါလာကြတဲ ကိုယ့်နိင်ငံ ကိုယ်လူမျိုးတွေအတွက် လူမှု့ရေး၊စီးပွားရေး၊ပညာရေး၊နိင်ငံရေးတွေကအ

စစအရာရာပါဝင်ပတ်သက်လာပါတော့တယ်။ကျနော်မှာစာပေဆွေမျိုးလို့ပြောရလောက်တဲ့မိတ်ဆွေတစ်

ယောက်ရှိခဲ့ ဘူးပါတယ်။သူနဲ့ကျနော်သည် စာပေတွေအကြောင်းနဲ့ပတ်သက်တာတွေ ကိုဆွေးနွှေပြောဆို

ခဲ့ကြပါတယ်။အနုပညာဆန်တဲ့ ဝေါဟာရတွေ၊ကျောင်းပညာရေးစနစ်တွေနဲ့သင်ကြားပို့ချနေကြတဲ့အလတ်

တလောသင်ပြပုံတွေကို ပြုပြင်သင့်ကြောင်း၊နိင်ငံရဲ့စီးပွားရေးအတွက် မိတ်ဆွေဆက်ဆံရေးနယ်နိမိတ်အိမ်

နီးခြင်းနခင်ငံတွေရဲ့အပေါ်ဆက်ဆံရေးတွေ ဘယ်လိုပြုပြင်သင့်တယ်ဆိုတဲ့အကြောင်းတွေ၊အလတ်တလော


တိုးတတ်နေတဲ့နိင်ငံတွေနဲ့ယှဉ်ကြည့်ပြီးတော့ ခေါင်းဆောင်လုပ်အုပ်စိုးနေတဲ့ဝန်ကြီးတွေဘယ်လိုတော်ကြောင်း


ကောင်းကြောင်းတွေ နောက်ဆုံး လူတွေရဲ့ စိတ်နေစိတ်ထားတွေ၊လူဘဝ နေထိုင်းနည်းအတတ်ပညာတွေ၊

နည်းပညာတွေအကြောင်းနဲ့ နောက်ဆုံး အိုခြင်း၊သေခြင်းတွေအကြောင်းတွေပါပြောဖြစ်ကြပါတယ်။နှစ်


ယောက်မတွေ့လိုက်နဲ့ ပြောလို့မဆုံးတော့ဘူးပဲ။ အိပ်ချင်နေလည်း မအိပ်ခဲ့ဘူး အချိန်တွေကုန်သွား

မှာနှမျောလွန်းကြလို့ပါ။ စာရေးတယ်၊ကဗျာတွေရေးကြတယ်။ အဲဒီလိုနဲ့ခင်မင်သွားကြတာ နောက်

ဆုံးတော့ ညီအကိုတွေလို ဆွေမျိုးတွေလိုပဲ ရင်းနှီးသွားကြပါတော့တယ်။ အခုသူနဲ့ကျနော်ဝေးကွာခဲ့ကြတာ


၅နှစ်လောက်ရှိပါပြီ။သူအပေါ်မိတ်ဆွေသံယောဇဉ်တွေက မပြတ်ခဲ့ပါဘူး။စာတွေဖတ်ပြီးတိုင်း သူကိုပဲ သတိ


ရနေမိတယ်။ငါ့ မိတ်ဆွေတစ်ယောက်နေကောင်းပါစေ...အခုဘယ်ရောက်နေလို့ ဘာတွေလုပ်နေပါလိမ့်

ပေါ့။ ဒီနေရာမှာ ကိုယ့်မိသားစုတွေဆွေမျိုးအရင်းတွေနဲ့ဆက်ဆံနေထိုင်ခြင်းနဲ့ စာပေမိတ်ဆွေဆက်ဆံရေး


မျိုးတွေကြတော့ မတူကြပါဘူး။စကားပြောဆိုခြင်းလည်းမတူပါဘူး။လေးနက်မှု့ခြင်းလည်းမတူကြပါဘူး။အဓိ


ပ္ပယ်ခြင်းလည်းကွာခြားလွန်းကြပါတယ်။အဲဒါကြောင့်ပါပဲ ကိုယ့်ဇနီးပဲဖြစ်စေ၊ခင်ပွန်ပဲဖြစ်စေ အရင်ဆုံး

စာပေမိတ်ဆွေတွေရှိရာဆီကိုတော့ ခရီးဦးကြိုကြတာပါပဲ။ဝါသနာတူ၊စရိုက်တူခြင်းလက်ထပ်ပေါင်းသင်းနေ


ကြရင်တော့ အကောင်းဆုံးပါပဲ။          တခါတုန်းက စာရေးဆရာ၊ကဗျာဆရာကြီးမျိုးချစ်ပုဂ္ဂိုလ်ကြီး


ဒဂုံတာရာအိမ်သို့ ထူးအိမ်သင်(မကွယ်လွန်မှီ)က မကြာခဏအလည်သွားခဲ့သတဲ့ ဒါဟာ စာပေဆွေမျိုးတွေ


ဆက်ဆံတဲ့ မိတ်ဆွေတွေပဲပေါ့။ပန်းချီဆရာတွေလဲအတူတူပါပဲ ဆေးစုပ်ချက်တွေ အတွေပုံရိပ်ရောင်တွေနဲ့

ရေးဆွဲထားကြတဲ့ သူတို့တွေရဲ့ စိတ်ကူးပုံကွန်မြူးပြီးရေးဆွဲထားကြတာတွေကို နှီးနှောဖလှယ်ကြတာပါပဲ။


တကယ်တော့ ပန်းချီးရေးခြင်းသည်လည်း ခက်ခဲနက်နဲတဲ့ အနုပညာဆန်းကွက်တခုပါပဲ။ပန်းချီကားတစ်ခုကို


ကြည့်တဲ့အမြင်၊အတွေးရိပ်ပုံစံနှင့်ဆေးရောင်စုံစုပ်တံရေးဆွဲချက်တွေမှအစ နားလည်းဖို့ရန်ခက်ခဲလှတဲ့အနု

ပညာပါပဲ။အဲဒါကြောင့်လဲ ကမ္ဘာပေါ်မှာ လီယိုနာရိုဒါဘင်ချီရဲ့မိုနာလီဇာအပြုံးပန်းချီကားချပ်တစ်ခုသည် 

နာမည်ကျော်ခဲ့တာပါပဲ။ပန်းချီးဆရာရဲ့ဆေးစက်တစက်ကြောင့် အပြုံးရိပ်ရောင်သမ်းနေခြင်းကို 

လူတွေကစိတ်ဝင်းစားခဲ့ကြခြင်းသည်ပန်းချီအနုပညာရဲ့တန်ဖိုးကြီးခြင်းကိုသက်သေပြတာပါပဲ။ဒါကတော့

ပန်းချီဝါသနာပါတဲ့သူတွေမှ တန်ဖိုးကိုသိကြပါလိမ့်မယ်။

                အခုခေတ်ကြတော့လည်း စာပေမိတ်ဆွေဆိုတာတွေက Internet တွေfacebook တွေBlogger  


တွေထဲမှာဆက်ဆံတဲ့ခေတ်ရောက်လို့နေပါပြီ။ဒါပေမဲ့ဘယ်လိုပဲ ရောက်ပါစေ လူလူခြင်းမျက်နှာချင်းဆိုင်းပြီး

ပြောရတာလောက်တော့ အရသာမတွေ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ကာ အပြင်မှာစာပေမိတ်ဆွေတွေက

စည်းရှိကြတယ် တစ်ယောက်ပြောတဲ့ စကားအကြောင်းတွေကို တစ်ဦးနဲ့တစ်ဦး အပြန်အလှန်နားလည်းပေ


တတ်ကြလို့ပါပဲ။ ဆွေးနွှေးပြောဆိုဝေဖန်းကြံဆကြပြီးတော့ လိုရင်းအဖြေတွေကို ရောက်အောင်ပြောနိင်ကြ

လို့ပါပဲ။Internetတွေပေါ်မှာကြတော့တခုကောင်းတာက ကိုယ်လိုချင်းတာတွေကို မိနစ်၊နာရီအချိန်အတွင်း 

အလွယ်တကူးရှာဖွေဖတ်လို့ရနိင်ပါတယ်။ဒါပေမဲ့စာဖတ်ရတာအဆင်မပြေဖြစ်ရတယ်။ဖတ်နေကြအလေ့အ

ကျင့်ရှိရင်တော့ကောင်းပါတယ်။ဒါပေမဲ့ခက်တာက ကြာကြာမဖတ်နိင်ဘူး။စာအုပ်တွေကြတော့လှဲဖတ်မလား၊

အိပ်ဖတ်မလားပဲရပါတယ်။ကွန်ပြူတာဆိုတော့ကာမီးအလင်းရောင်းကစူးလွန်းတော့ပိုဆိုးတာပေါ့။အသက်ကြီး

သူတွေဆိုရင်တော့မလွယ်ကူးနိင်ပါဘူး။အင်တာနက်ပေါ်ကစာပေမိတ်ဆွေတွေကြတော့ရင်းနှီးတာသိပ်မြန်ဆန်

လွန်းကြပါတယ်။သူတို့စာပေမိတ်ဆွေဆက်ဆံရေးကြတော့အချိန်တိုအတွင်းမှာပဲပျောက်ကွယ်သွားတတ်ကြ

ပါတယ်။

              အဲဒါကြောင့်မို့လည်းလူတွေကအချိန်တွေကြာလာလေ၊အသက်တွေကြီးလာလေငယ်

  ဘဝကမိတ်ဆွေသူငယ်ချင်းဟောင်းတွေရဲ့ အဆိုးအကောင်းအကြောင်းတွေကို ပြောပြတတ်ကြတယ်။ 

ဒါဟာငယ်မှုပြန်ခြင်းလို့လည်းပြောလို့မရပါဘူးကိုယ့်ရဲ့စိတ်ကို ပျော်ရွှင်တတ်ကြွစေနိင်တဲ့သိမ်းဆည်းထားတဲ့

နေ့ဆွဲများအကြောင်းတွေကို ပြန်လည်းတွေးပြီးလွမ်းဆွတ်မှု့တွေကိုဖြေပျောက်နေကြတာပါပဲ။တမ်းတမှု့တွေ

ကိုပြန်လည်လွမ်းဆွတ်နေတတ်ကြပါတော့တယ်။

        
                 ဟုတ်ကဲ့.အခုလို ခင်မင်ရင်းနှီစွာ နဲ့ မိတ်ဆွေများနဲ့ နှစ်ပါးသွားကခုန်ခြင်း ကို လာရောက်အား

ပေးကြည့်ရှု့ကြတဲ့ ပရိသတ်များကို ကျေးဇူးအများကြီးတင်ပါတယ်။နံနက်မိုးသောက်အလင်းရောက်ပြီးမို့

ကာလိပ်ချပါတော့မည်..။ ။နောက်ထပ်နှစ်ပါးသွားကခုန်ခြင်း...အကြောင်းတွေကိုလဲ ဆက်လက်ရေးသားပါဦး

မည်။........ လေးစာစွာဖြင့်
          
                 ညီစေနိင် .....။
           
                 ၁၁၊၁၁၊၁၁ ။ ။
























ခွင့်ပန်ခြင်း

        လူတွေရဲ့ စိတ်စွမ်းအင် တို့သည်  ဖြစ်ပြီးခဲ့ပီ ဆိုတဲ့ အတိတ်က အကြောင်းအရာ အဆိုး အကောင်း

တွေကို  ပြန်လည်းအောင့်မေ့ သတိရကြစမြဲပါ။  တကယ်လို့ အတိတ်က အကြောင်းအရာတွေကိုနည်း

နည်းလေးမှ ဂရုမပြုမိ  ဘူးဆိုလျှင် အဲဒီလူဟာ အဆွေးအမျိုး ၊ အဖော်မွန် ကင်းမဲ့ပြီး မိမိပတ်ဝန်းကျင်နှင့် 

ယှက်နွယ်မူ့ မရှိပဲ အထီကျန် နေပါလိမ့်မည်။ တခြားအကြောင်းအရာတွေကို မေ့ထားချန်ထားလို့ရပေမယ့် 

မိမိ၏ မိဘနှစ်ပါးသည်ကား ချန်ထား၍ မရနိင်ပေ။

      ကျနော့်အတွက်တော့ ဖေဖေတို့မေမေတို့ စီးပွားရှာသည်ကာလ၌ ပင်ပမ်းဆင်းရဲခြင်း ဒုက္ခ ၊ 

အဆင်မပြေမှု့တွေကြားက ညည်းသံ ၊ မျက်နှာငယ်မေမေ့မှာဖြင့်သူကြွယ်တွေကြားမှာ သူ့အလိုလိုက် 

သူ့အကြိုက်ဆောင်ကား မေမေ့ မျက်နှာ အောက်ချို့လျှက် မေမေ့ စေတနာရိုးသားမူ့တွေက သနားစရာ၊ 

ဒီအကြောင်းတွေကို ပြန်လည်တွေးတိုင်း ကြိတ်မနိင်ခဲမရ ရင်တနင့်နင့်ဖြစ်ကာ လောကဓံ 

ကိုကြံ့ကြံ့ခံနိင်သည်ကား ကျွေး ဖေဖေ ရဲ့သတ္တိအားမာန် ၊ မွေးမေမေ ရဲ့ မာနအားမာန်း တွေပါပဲ ။ 

      နောက်ကြောင်းတွေ ခဏတန့် တဖန်ရှေ့သို့တွေးမိပြန်သော် အဝေးရောက် သားမိုက် ကျတော် 

အချိန်တွေကြာညောင်း ။ အခု ဆိုလျှင် ဖေဖေနှင့်မေမေ တို့ ဇရာအို အရွယ်ပြောင်း သည့်အချိန်မို့ ၊ 

အားအင်ချိငဲ့ ၊ မှုန်ဝေးမျက်လုံး ၊ ပြုံးသည့်သွားဖုံး မြင်တွေ့ပါလျှင် သားမိုက် ရင်မှာ စိတ်မကောင်းစွာဖြင့် 

ဝန်ချတောင်ပန်း ဝပ်တွားပူဇော်ကန်တော့လိုပါ၏ ။ ကာယကံ ၊ ဝစီကံ ၊ မနောကံ တို့ဖြင့် ပြစ်မှားမိခဲ့လျှင် 

ခွင့်လွတ်ပါလော့ ။

         အကယ်၍ နောင်ဘဝဆိုတာများ ကြုံခဲ့ပါမူ ပြန်ဆုံတွေ့ကြဤလူ့ဘဝတွင်လူ့ဘုံခမ်းဝါထိမ်ထိမ်သာ၍ 

ဥမကွဲ သိုက်မပျက် အဝေးတမြေခြားမနေရပဲ ပျော်ရွှင်ချမ်းမြေ့သာယာကြည်လင်သော မိသားစု ဘဝ 

သို့ ရောက်ရပါလို ဟု တောင်းဆု ပြုပါသည် ။ 

           အဝေးရောက် သားမိုက်..
                 
          ကျနော်....
              
           ဆန္ဒများစွာဖြင့် .....

           ထားဝရ ဂါရဝပြုလျှက်.........
                 
  ဖေဖေ ၊ မေမေ .........နေကောင်းပါစေ...။ပျော်ရွှင်ချမ်းမြေ့ပါစေ...။ ရာကျော်အသက် ရှည်ပါစေသော်....။
   


ညီစေနိင်
                 ၆၊၁၀၊၂၀၁၁ ။

ဧရာဝတီအလင်းရောင်

ဧရာဝတီအလင်းရောင်

အလင်းရောင်ရဖို့
အနာခံပြီးမှ အသာစံရတဲ့
မြစ်ဆုံဧရာဝတီရယ်...

အလွမ်းရည်ပူတစက်စက်ကျကာမှ
ငြိမ်းချမ်းရေးရခဲ့ခြင်းဟာ
ငါတို့တွေရဲ့ မျက်ရည်တွေပါပဲ...။


အမှောင်ထုကိုဖြိုခွင်းပြီး အလင်းဆောင်ကျင်းဖို့ရာ
သူပေးဆပ်ရမဲ့ နိင်ငံတော်အမိန့်တာဝန်အား
ရင်နာနာနဲ့ အဆုံးသတ်နိင်လိုက်ပါပြီ ...။

အလေးပြုပါ၏
စိတ်ထဲက  ငါတို့ရဲ့ ဆန္ဒ ...။

သြော် ...
စွန့်လွတ်ခဲ့ရပြီ ..
စွန့်လွတ်ခဲ့ဘူးပြီ ..။

သြော် ...
ကယ်တင်ခဲ့ရပြီ ..
ကယ်တင်ခဲ့ဘူးပြီ ..။
အဲဒီ
မြစ်နှစ်စင်းပေါ့။

မေခမြစ်နဲ့မေလိခမြစ်တို့ပေါင်းဖက်စေရေး ..
မြစ်ဆုံဆည်နဲ့ဧရာဝတီမြစ်တို့ရင်ကြားစေ့ရေး ..
ငါတို့တွေအရေးဆိုခဲ့ကြတယ် ...။

ဒါဟာ အဦးဆုံးအကြိမ်
ပြည်သူ့ သဘောထားဆန္ဒကို လိုက်လျောပေးခဲ့တဲ့
အောင်မြင်မှု့အထိမ်းအမှတ်နေ့သစ်တခုပါပဲ..။

ကြိုဆိုပါသည်
ရုဏ်ယူပါသည်
ဝမ်းသာပါသည်
သမ္မတကြီး..ခင်ဗျာ။

အရောင်မတူတဲ့
လူဖြူ နဲ့ လူမဲ ညီအကိုတွေထဲမှာ
အားလုံဝါဒဖြန့်သမားတွေကြီးပါပဲ ..။

တို့တိုင်းပြည် ငြိမ်းချမ်းရေးကို
ကျည်ဆံ ပါးစပ်အတုတွေနဲ့
တရစပ် ပစ်ဖို့
လာမခြောက်နဲ့
မကြောက်တဲ့
တို့မြန်မာသွေး ။

ရှေးရှုးမျှော်ရည်
များမကြာမှီဝယ်
အဘိုးအဘွာတွေပိုင်ဆိုင်ခဲ့တဲ့
တို့မြန်မာအမွေအနှစ်ဆိုတာ
မြင့်မြတ်တဲ့အမျိုးရုဏ်
ဇာတိသွေးအစစ်
ဇာတိမာန်အပြည့်နဲ့
တိုးတက်နေတဲ့ နိင်ငံဆိုတာ
တို့မြန်မာပဲ..ဟေ့..လို့
ကမ္ဘာမှာသိစေအံ့ ..။ ။

ညီစေနိင်
.............၅၊၁၀၊၂၀၁၁ ။ ။

မတူညီ တဲ့ သင်္ကေတ

မတူညီ တဲ့ သင်္ကေတ

''ဘီယာ"  နဲ့  " ရေခဲရေ''  ရောသောက်လို့  ကောင်းတယ် ...
...............................................................................
''လက္ဘက်ရည်"  နဲ့ " ရေခဲရေ''  ရောသောက်လို့  ကောင်းတယ် ...
.................................................................................
''ဘီယာ" နဲ့ "လက္ဘ်ရည်ကြတော့ '' ရောသောက်လို့  မကောင်းတော့ဘူး ...
...................................................................................
"မင်း" နဲ့ " ငါ " နဲ့လည်း
ဝါသနာခြင်း ၊ စရိုက်ခြင်း မတူညီတော့  " ရောလို့မကောင်းဘူး" .........။
 ......................
 ......................
ညီစေနိင်
.................၂၊၁၀၊၂၀၁၁။

မင်္ဂလာအပေါင်းနဲ့ပြည့်စုံစေ...

ညီစေနိင် ဘလော့ဂ်မှ ကြိုဆိုပါ၏ ။

သတ္တဝါအားလုံး ကျန်းမာ ၊

ချမ်းသာကြပါစေ၊

ဘေးအန္တရယ်ကင်းဝေးကြပါစေ...

စိတ်နှလုံးရွှင်ပြုံးကြစေသော်......


~~~~ ညီစေနိင် ~~~~