အတ္တနဲ့တည်ဆောက်ထားတဲ့
စကားလုံး မိုင်းတွေကို ငါမုန်းတယ်
အမိန့် ပေးခြင်းကို ငါလက်မခံ
ဆွေးနွေးခြင်းသည် ရန်ဖြစ်ခြင်းမဟုတ်
စကားလုံးကြီးတွေနဲ့ ပစ်ပေါက်သူကို
ဘယ်လိုအပြစ်ပေးမလဲ
လူ့ကျင့်ဝတ်နဲ့ မကိုက်ညီတဲ့
ဥပဒေကိုမပြဌာန်းပါနဲ့
အားလုံးက လွတ်လပ်မှု့ကို ပိုကြိုက်တယ်
ခါးသက်သက်အတွေး အခေါ်တွေကြောင့်
သွေးကြောများရပ်တန့်စေခဲ့
ပေါ့ပျက်ပျက် သံစဉ်တွေက
ငါ့စိတ်ကိုနာကျင်စေတယ်
သွေးညစ်နေလား
သွေးသစ်လှယ်လိုက်ပါ
အမှားလား ၊ အမှန်လား
အတုလား ၊ အစစ်လား
ခွဲခြားလို့မရ
ခွဲခြားလို့မရ
အခြေခံမပါတဲ့မူကြမ်းရေးဆွဲနေလဲ
ဘာအဓိပ္ပယ်ရှိမှာလဲ
အစိမ်းသက်သက်ငါ့မှာတော့ဖြင့်
အချိန်တွေသာကုန်လို့ ။ ။
ညီစေနိုင်
2၊6၊2009
0 comments:
Post a Comment