အမေအို ရဲ့ တမ်းချင်း
၁။
သားရဲ့ ဘဝ
အောင်မြင်တိုးတတ် ၊ ကြီးပွားဖို့ရာ
အဝေးထွက်သွား ၊ စီးပွားရှာလည်း
အမေ မတားလို
မှာချင်တယ် သား
အမေ့ကိုတော့ "သတိရ" ။
၂။
သားရဲ့ အရွယ်
လူပျိုပေါက်မို့
ကြင်သူသက်ထား ရှိခဲ့ပါမှု
အမေ မပြောလို
မှာချင်တယ် သား
အမေ့ကိုတော့ "မမေ့" နဲ့ ။
၃။
သားတို့ အရွယ်
လူငယ်ပိုင်းမို့
ပျော်ပါးယစ်မှုး နေကြသော်လည်း
အမေ မတတ်နိင်
မှာချင်တယ် သား
အမေ့ "စကား" နာဝယ်ထား ။
၎။
သားရဲ့ဘ၀ ခရီးကြမ်းဝယ်
ဒုက္ခရောက်၍ မဖြောင့်ဖြူးလည်း
အမေ မကူညီနိင်
မှာချင်တယ် သား
အမေ့ "ထမီစ" လက်ဝယ်ထား ။
၅။
သားရဲ့ ခန္ဓာ မကျန်းမာ၍
အမေကို တမ်းတ ငိုကြွေးပါမှု
အမေ မကယ်နိင်
မှာချင်တယ်သား
အမေ့ "စိတ်ပုတီး" လည်မှာဆွဲထား ။
အဝေးမြေရောက်
သားတစ်ယောက်ထံ
ဖတ်ရန် ၊ မှတ်ရန်
ရည်စူးကဗျာ
တမ်းချင်းလင်္ကာ
.....ပြီးတော့
အမေ့ အသက် ၆၅ နှစ်ရှိနေပြီမို့ ......။ ။
ညီစေနိင် ၁၅၊၁၊၂၀၁၁ ။
1 comments:
ကိုညီစေနိုင်...
အမေ့ကိုတမ်းတ နေတဲ့ အမေ့တမ်းချင်း ကဗျာလေး ကောင်းတယ်ဗျာ..။အမေ့ကိုတော့ "သတိရ" ။
အမေ့ကိုတော့ "မမေ့" နဲ့ ။
အမေ့ "စကား" နာဝယ်ထား ။ ဆိုတဲ့ စာသားလေးတွေက ရင့်ကိုတကယ်ပဲ ထိစေတယ်ဗျာ.....။အရေးအသားကောင်းလွန်းလို့ မျက် ရည် ၀ဲသွားမိပါကြောင်း..........
Post a Comment