ရွှေမင်းသ္မီး

ရွှေမင်းသ္မီး

အဲဒီ
ရွှေမင်းသ္မီးလေကိုမှ အပြစ်မဆိုသာ
အချစ်တွေပိုကာ မေတ္တာသက်ဝင်
ပေါင်းဖက်ချင်မိ ....

ဘာကြောင့်များ
မသိစိတ် ငါ့ အတ္တ က
ရွှေမင်းသ္မီးလေးကိုမှ နှစ်သက်လိုကြောင်း
အခါတော်အရေး တွေးရသနည်း ....

အထိမဆို ထားဘိ
အကြည့်တော်တောင် မခံလင့်ကစား ....

ငါကိုယ်က ရွှေမင်းသ္မီးလေကိုမှ
အတင့်ရဲလှ အကြည့်တော်ကြောင့်
အပြစ်မဆိုဝံ့သာပ အပြုသဘောရယ်သာ
အမျက်တော် ကြီးလွန်ခဲ့ရပါပေတယ် ....

အိမ်ရှေ့စံ ကိုယ်တော်ကြီးက
ငါ့ကိုများ အမျက်တော်စူးရှကာ
အမိန့်တော်ချမှတ်လို့ငှာ ....

မကြားဝံ့ မနာသာ ဘိတော့တယ်
အသက်တော်ထွက် ကွက်မျက်စေအံ့ဟုတဲ့ ....

ရှိစေအုံးတော့ ဘ၀ကံရယ်
ငါကိုယ်၌က
အချစ်ပါရမီ ဘုန်းကံထိုင်းမှိုင်းလေတော့
အလှသွေးကြွယ်ပြော ရွှေမင်းသ္မီးတော်ကို
ဖူးစာစဉ်ဆက် သိမ်းမြန်းစေရေး ....

ထီးနန်းရောင်ဖိတ် အောင်နိမိတ်နဲ့
အချစ်ကံ မခေသင့်သူ
ကြီးမြတ်သော ဖူးစာရှင်ဘုရင်ဖြစ်စေအံ့ဟု
ငါကိုယ်တော်သဘော တောင်းဆုချွေး၏လော ....။ ။

ညီစေနိင်                    15 ၊ ၁ ၊၂၀၁၁ ။ ။

0 comments:

Post a Comment

မင်္ဂလာအပေါင်းနဲ့ပြည့်စုံစေ...

ညီစေနိင် ဘလော့ဂ်မှ ကြိုဆိုပါ၏ ။

သတ္တဝါအားလုံး ကျန်းမာ ၊

ချမ်းသာကြပါစေ၊

ဘေးအန္တရယ်ကင်းဝေးကြပါစေ...

စိတ်နှလုံးရွှင်ပြုံးကြစေသော်......


~~~~ ညီစေနိင် ~~~~