ဧရာဝတီမြစ်...အရေးတော်ပုံ
ဧရာဝတီမြစ်ကြီးရေ ...
ဧရာဝတီမြစ်ကြီးရေ ...
သင့်အတွက်
ကြင်နာတတ်တဲ့ ...နှလုံးသားရှိသူတွေ
စာနာတတ်တဲ့ ... နှလုံးသာရှိသူတွေ
ကူညီဖေးမမယ့် နှလုံးသားရှိသူတွေ
ကျူပ်...
အခုချိန်ထိအောင် ရှာလို့ မတွေ့သေးဘူး
ရှေ့ဆက်ပြီးရှာဖွေနေဆဲပါ ...။
ဧရာဝတီမြစ်ကြီးရေ ...
မကြောက်ပါနဲ့
ဒူးထောက် အရှုံးပေတယ်ဆိုတာ
အညံ့ခံတာ မဟုတ်ပါဘူး
အကြမ်းမဖက် အနုနည်းဗျူဟာတွေနဲ့
အနိင်ယူဖို့ပါ ...။
ဧရာဝတီမြစ်ကြီးရေ ...
ပတ္တမြားမှန်ရင် နွံမနစ်ပါဘူး
သင့်ရဲ့ တန်ခိုးတွေကြောင့်
ပြည်သူတွေ လက်ခမောင်းခတ်နေပါပြီ ...။
ဧရာဝတီမြစ်ကြီးရေ ...
ရေကန်ဆိုတာ
ကြာရှိမှတင့်တယ် ...
ပင်လယ်ဆိုတာ
မြစ်ရှိမှတင့်တယ် ...
မြန်မာနိင်ငံဆိုတာလဲ
ဧရာဝတီမြစ်ကြီးရှိမှ တင့်တယ်ပါမည် ...။
ဧရာဝတီမြစ်ကြီးရေ ...
အနားရှိရင်ဆေးရှိပါတယ်
အားမငယ်ပါနဲ့
သွေးပူနေတုန်းတော့ တောင့်ခံထားပါ ...
သွေးအေးသွားရင်တော့
ဒဏ်ရာတွေကပိုပြီးနာကျင်လာပါလိမ့်မယ် ...
သင့်အတွက် ကုစားဖို့
ကျူပ်တို့ ဆေးဖော်နေပါပြီ ...
ဇော်ဂျီတောင်ဝှေး ဆေးစွမ်းပကား
တချက်ရိုက်လိုက်တာနဲ့
တချက်ရိုက်လိုက်တာနဲ့
အဲဒီနေရာတွေ
မြစ် အသစ် ... အသစ် တွေဖြစ်ပေါ်စေသတဲ့ ...။
မြစ် အသစ် ... အသစ် တွေဖြစ်ပေါ်စေသတဲ့ ...။
ဧရာဝတီမြစ်ကြီးရေ ...
သင်သည်
သေနေခြင်းမဟုတ်
ခဏ အိပ်ပျော်နေခြင်းပါ
သင့် ရေစီးသံတွေဟာ
ကျူပ် နှလုံးခုန်သံတွေနဲ့ ထပ်တူထပ်မျှပါပဲ ...။
ဧရာဝတီမြစ်ကြီးရေ ...
ကျူပ်တို့ တိုင်ပြည်မှာ
သင်ဟာ ခွန်အားအကြီးမာဆုံးမြစ်
လျှပ်စစ်တွေနဲ့ထိတွေ့တော့
မခံနိင်ဘူး နာကျင်နေပြီတဲ့
ကျူပ်တို့လဲ လျှပ်စစ် ကျိန်စာသင့်နေပါပြီ ...။
ဧရာဝတီမြစ်ကြီးရေ ...
အာကာသမှ
ပါဝါအချိုးအဆ မညီမျှလို့
လျှပ်စစ်ဓါတ်အားမဲ့
ဂျိုသားစက်ရုပ်တွေ
ကျူပ်တို့တိုင်းပြည်ရောက်လို့နေပါပြီး ...
သင့်အပေါ် သက်ညှာမှု့မရှိကြဘူး
သူတို့တွေက လူတွေမှမဟုတ်ပဲ
နှလုံးသားမရှိတဲ့ ဂျိုသားစက်ရုပ်တွေလေ ...
နှလုံးသားမရှိတဲ့ ဂျိုသားစက်ရုပ်တွေလေ ...
ဒါဟာ ...
ကျူပ်တို့တိုင်ပြည်မှာ ပထမဦးစွာ
ဧရာဝတီမြစ်
အခွင့်အရေး ချိုးဖောက်ခြင်း ခံရတာပဲ ...။
အခွင့်အရေး ချိုးဖောက်ခြင်း ခံရတာပဲ ...။
ဧရာဝတီမြစ်ကြီးရေ ...
တိုင်တည်စရာ
နတ်၊ဘုရားကလည်းမရှိတော့
ကိုယ်ထူ ၊ ကိုယ်ထ
ကိုယ့် အသိစိတ်ဓာတ်နဲ့
ဧရာဝတီမြစ် အရေးတော်ပုံကို
လက်တွဲညီညီ
ဧရာဝတီမြစ် အရေးတော်ပုံကို
လက်တွဲညီညီ
တော်လှန်ကြပါဆို့ ...။
ဒါ ......... တို့မြေ
ဒါ ......... တို့ပြည်
ဒါ ......... တို့ပြည်
ဒါ ..........တို့ရေ
တို့ .......ပိုင်တဲ့ ဧရာဝတီမြစ် ။ ။
ညီစေနိင် ....
၂၀၊၉၊၂၀၁၁။
0 comments:
Post a Comment