မင်းကတော့ ဘယ်လိုနေမယ်မသိ
ငါမှာတော့ဖြင့်
ပြန့်လွင့်နေတဲ့ စိတ်တွေကို
အရအမိ လိုက်ဖမ်းနေရတယ် .....
အသက်ရှုမဝတဲ့ မြို့ ပြမှာ
ငါတစ်ယောက်ထဲ နေရတာ
သူစိမ်းတစ်ယောက်လိုပါပဲ ....
နင်ပြန်လာမယ့် နေ့ရက်တွေကို
မျှော်တလင့်လင့်နဲ့ စောင့်နေရတာ
အိမ်မက်တွေတောင် ဖူးပွင့်လို့နေပါပြီ .....
သံစဉ်တွေလည်း တောင်ပံငှက်တို့ သီဆိုနေပါပြီ .....
ကဗျာတွေလည်း စကားပြောတတ်နေပါပြီ .....
လွမ်းလွန် လွန်းလို့ပါ .....
ချစ်လွန် လွန်းလို့ပါ .....
ဟန်နီ ရေ ....
နီးနီးလေးနေချင်တယ်
မြင်နေခွင့်ပြုပါ ....
ငါ ..
အရမ်း ...... လွမ်းနေလို့ ...........။
ညီစေနိင်
၆၊၉၊၂၀၁၁ ။
2 comments:
အမြန်ဆုံးနီးစပ်ပါစေကြောင်း .. :D
ကျေးဇူးအထူတင်ပါသည်...။ပေးတဲ့ဆုနဲ့ပြည့်ပါစေ..
Post a Comment