သခင် ရဲ့ ဧရာဝတီမြစ်
သခင် ...
သင် စေလိုရာကို
ငါ စီးဆင်းပါ့မယ်
ဒါပေမဲ့
ငါ့အား ...အသေမသတ်ပါနဲ့ ...။
သခင် ...
သင် စေခိုင်တာကို
ငါ ဆောင်ရွက်ပါ့မယ်
ဒါပေမဲ့
ငါ့အား ...တိုင်တပါးလက်ထဲသို့ မငှါးပါနဲ့ ...။
သခင် ...
သင် အသုံးပြုလိုရာဖြစ်ရပါစေမယ်
ဒါပေမဲ့
ငါ့အား ...နွေးထွေးလုံခြုံမူ့တော့ရှိပါစေ ...။
သခင် ...
သင် နေထိုင်တဲ့နေရာဟာ
ငါ စီးဆင်းနေတဲ့ မြို့ ...။
သခင် ...
သင် စားသောက်နေတဲ့နေရာဟာ
ငါ စီးဆင်းနေတဲ့ ရေသာက်မြစ် ...။
သခင် ...
သင် အိမ်ပျော်နေတဲ့ နေရာဟာ
ငါစီးဆင်းနေတဲ့ မြစ်ကမ်းပါး ...။
သခင် ...
သင် မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးဆိုတာ
ငါစီးဆင်းနေတဲ့မြစ်ရိုး ...။
သခင် ...
သင် ပြောနေတဲ့နိင်ငံရေးဦးတည်ချက်တွေက
ငါစီးဆင်းနေတဲ့ဧရာဝတီမြစ်ပဲ ..။
သခင် ..
သင် ငါ့အပေါ် မကောင်းမှု့တွေရှိခဲ့လဲ
ငါမေတ္တာမပျက်ခဲ့ပါဘူး ..။
သခင် ...
သင့် ရဲ့ သမိုင်းကြောင်းအတွက်
ငါ့အသက်ကို စတေးမလို့လား ...။
သခင် ..
သင့်ရဲ့ အောင်မြင်မှု့အတွက်
ငါ့သစ္စာတရားတွေကို လွင့်ပစ်မလို့လား ...။
သခင် ..
သင်နဲ့ငါက
ရန်သူတွေမဟုတ်ဘူး
အရင်းနှီးဆုံးမိတ်ဆွေတွေပဲ ...။
သခင် ...
သင်ဟာ အမျိုးသားရေးအတွက်
ငါ့အား သဘာဝပတ်ဝန်ကျင်ထိမ်းသိမ်းခြင်းကို စောင့်လျှောက်ပေးပါ ...။
သခင် ...
သင်အိမ်ရှေ့မှာလာတဲ့သူတွေက
ဆွေးနွှေးဖို့လာတာ၊ ရန်ဖြစ်ဖို့လာတာမဟုတ်ဘူး ...။
သခင် ...
သခင် နဲ့ ဧရာဝတီ ဟာ
မိသားစုဆန်တဲ့အနွေးဓာတ်တွေရှိကြတယ် ...။
သခင် ...
သခင် ရဲ့ တိုင်းရင်သားတွေအားလုံးဟာ
သဘာဝဆန်တဲ့ အနုပညာတွေကို မြတ်နိုးတယ်
သဘာဝကျတဲ့ အရင်းအမြစ်တွေကိုတန်ဖိုးထားတယ် ...။
သခင် ...
အဲဒါကြောင့်
သဘာဝဆန်တဲ့ ဧရာဝတီမြစ်ကြီးပျက်စီးသွားမှာကို မလိုလားဘူး ...
တိမ်ကောသွားမှာကို မလိုလားဘူး ...
ခြောက်ခမ်းသွားမှာကို မလိုလားဘူး ...။
သခင် ...
သခင်လက် နဲ့ ပြည်သူ့လက်
ပြိုင်တူတွန်းလျှင် တိုးတက်နိင်ပါတယ် ...။
သခင် ...
စည်းလုံးညီညာအောင်ကြောင်းဖြာတဲ့
ဧရာဝတီရေတွေနဲ့ပေးဆပ်မှ ပန်းတိုင်ရောက်မှာမဟုတ်ပါဘူး ..
ပြည်သူတွေ ရဲ့ အင်အား ...
ပြည်သူတွေရဲ့ စွမ်းအား ...
ပြည်သူတွေရဲ့ ညဏ်ဏ ...
ပြည်သူတွေရဲ့ ဇွဲလုံးလ၊ဝီရိယအားများစွာနဲ့ကြိုးပမ်းလိုက်ရင်
မြန်မာပြည်ရဲ့တိုးတက်မှု့ပန်တိုင်ဆိုတာ
နီးနီးလေးရယ်ပါ.......။
သခင် ...
ဧရာဝတီသည် တိုင်ပြည်ရဲ့ ရတနာ ...
ဧရာဝတီသည် တိုင်ပြည်ရဲ့ သဘာဝဥယျာဉ်မူး ...
ဧရာဝတီသည်တိုင်းပြည်ရဲ့ အနာဂတ် ...
ဧရာဝတီသည်တိုင်ပြည်ရဲ့ ဇာတိသွေး ဇာတိမာန် ...
ဧရာဝတီသည်တိုင်းပြည်ရဲ့ မျိုးဆက်သစ် ...
သခင် ..
အဲဒီ
ဧရာဝတီမြစ်ဆုံဆိုတဲ့နေရာမှာ
လူသတ်လက်နက်ကြီးတွေလုပ်နေကြတာကို
ငါမလိုလားဘူး.......။
ညီစေနိင်
၂၃၊၉၊၂၀၁၁ ။
သခင် ရဲ့ ဧရာဝတီမြစ်
Posted by
nyisaynaing
Thursday, September 22, 2011
0 comments:
Post a Comment