သခင် ရဲ့ ဧရာဝတီမြစ်
သခင် ...
သင် စေလိုရာကို
ငါ စီးဆင်းပါ့မယ်
ဒါပေမဲ့
ငါ့အား ...အသေမသတ်ပါနဲ့ ...။
သခင် ...
သင် စေခိုင်တာကို
ငါ ဆောင်ရွက်ပါ့မယ်
ဒါပေမဲ့
ငါ့အား ...တိုင်တပါးလက်ထဲသို့ မငှါးပါနဲ့ ...။
သခင် ...
သင် အသုံးပြုလိုရာဖြစ်ရပါစေမယ်
ဒါပေမဲ့
ငါ့အား ...နွေးထွေးလုံခြုံမူ့တော့ရှိပါစေ ...။
သခင် ...
သင် နေထိုင်တဲ့နေရာဟာ
ငါ စီးဆင်းနေတဲ့ မြို့ ...။
သခင် ...
သင် စားသောက်နေတဲ့နေရာဟာ
ငါ စီးဆင်းနေတဲ့ ရေသာက်မြစ် ...။
သခင် ...
သင် အိမ်ပျော်နေတဲ့ နေရာဟာ
ငါစီးဆင်းနေတဲ့ မြစ်ကမ်းပါး ...။
သခင် ...
သင် မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးဆိုတာ
ငါစီးဆင်းနေတဲ့မြစ်ရိုး ...။
သခင် ...
သင် ပြောနေတဲ့နိင်ငံရေးဦးတည်ချက်တွေက
ငါစီးဆင်းနေတဲ့ဧရာဝတီမြစ်ပဲ ..။
သခင် ..
သင် ငါ့အပေါ် မကောင်းမှု့တွေရှိခဲ့လဲ
ငါမေတ္တာမပျက်ခဲ့ပါဘူး ..။
သခင် ...
သင့် ရဲ့ သမိုင်းကြောင်းအတွက်
ငါ့အသက်ကို စတေးမလို့လား ...။
သခင် ..
သင့်ရဲ့ အောင်မြင်မှု့အတွက်
ငါ့သစ္စာတရားတွေကို လွင့်ပစ်မလို့လား ...။
သခင် ..
သင်နဲ့ငါက
ရန်သူတွေမဟုတ်ဘူး
အရင်းနှီးဆုံးမိတ်ဆွေတွေပဲ ...။
သခင် ...
သင်ဟာ အမျိုးသားရေးအတွက်
ငါ့အား သဘာဝပတ်ဝန်ကျင်ထိမ်းသိမ်းခြင်းကို စောင့်လျှောက်ပေးပါ ...။
သခင် ...
သင်အိမ်ရှေ့မှာလာတဲ့သူတွေက
ဆွေးနွှေးဖို့လာတာ၊ ရန်ဖြစ်ဖို့လာတာမဟုတ်ဘူး ...။
သခင် ...
သခင် နဲ့ ဧရာဝတီ ဟာ
မိသားစုဆန်တဲ့အနွေးဓာတ်တွေရှိကြတယ် ...။
သခင် ...
သခင် ရဲ့ တိုင်းရင်သားတွေအားလုံးဟာ
သဘာဝဆန်တဲ့ အနုပညာတွေကို မြတ်နိုးတယ်
သဘာဝကျတဲ့ အရင်းအမြစ်တွေကိုတန်ဖိုးထားတယ် ...။
သခင် ...
အဲဒါကြောင့်
သဘာဝဆန်တဲ့ ဧရာဝတီမြစ်ကြီးပျက်စီးသွားမှာကို မလိုလားဘူး ...
တိမ်ကောသွားမှာကို မလိုလားဘူး ...
ခြောက်ခမ်းသွားမှာကို မလိုလားဘူး ...။
သခင် ...
သခင်လက် နဲ့ ပြည်သူ့လက်
ပြိုင်တူတွန်းလျှင် တိုးတက်နိင်ပါတယ် ...။
သခင် ...
စည်းလုံးညီညာအောင်ကြောင်းဖြာတဲ့
ဧရာဝတီရေတွေနဲ့ပေးဆပ်မှ ပန်းတိုင်ရောက်မှာမဟုတ်ပါဘူး ..
ပြည်သူတွေ ရဲ့ အင်အား ...
ပြည်သူတွေရဲ့ စွမ်းအား ...
ပြည်သူတွေရဲ့ ညဏ်ဏ ...
ပြည်သူတွေရဲ့ ဇွဲလုံးလ၊ဝီရိယအားများစွာနဲ့ကြိုးပမ်းလိုက်ရင်
မြန်မာပြည်ရဲ့တိုးတက်မှု့ပန်တိုင်ဆိုတာ
နီးနီးလေးရယ်ပါ.......။
သခင် ...
ဧရာဝတီသည် တိုင်ပြည်ရဲ့ ရတနာ ...
ဧရာဝတီသည် တိုင်ပြည်ရဲ့ သဘာဝဥယျာဉ်မူး ...
ဧရာဝတီသည်တိုင်းပြည်ရဲ့ အနာဂတ် ...
ဧရာဝတီသည်တိုင်ပြည်ရဲ့ ဇာတိသွေး ဇာတိမာန် ...
ဧရာဝတီသည်တိုင်းပြည်ရဲ့ မျိုးဆက်သစ် ...
သခင် ..
အဲဒီ
ဧရာဝတီမြစ်ဆုံဆိုတဲ့နေရာမှာ
လူသတ်လက်နက်ကြီးတွေလုပ်နေကြတာကို
ငါမလိုလားဘူး.......။
ညီစေနိင်
၂၃၊၉၊၂၀၁၁ ။
သခင် ရဲ့ ဧရာဝတီမြစ်
ဧရာဝတီမြစ်....အရေးတော်ပုံ
ဧရာဝတီမြစ်...အရေးတော်ပုံ
ဧရာဝတီမြစ်ကြီးရေ ...
ဧရာဝတီမြစ်ကြီးရေ ...
သင့်အတွက်
ကြင်နာတတ်တဲ့ ...နှလုံးသားရှိသူတွေ
စာနာတတ်တဲ့ ... နှလုံးသာရှိသူတွေ
ကူညီဖေးမမယ့် နှလုံးသားရှိသူတွေ
ကျူပ်...
အခုချိန်ထိအောင် ရှာလို့ မတွေ့သေးဘူး
ရှေ့ဆက်ပြီးရှာဖွေနေဆဲပါ ...။
ဧရာဝတီမြစ်ကြီးရေ ...
မကြောက်ပါနဲ့
ဒူးထောက် အရှုံးပေတယ်ဆိုတာ
အညံ့ခံတာ မဟုတ်ပါဘူး
အကြမ်းမဖက် အနုနည်းဗျူဟာတွေနဲ့
အနိင်ယူဖို့ပါ ...။
ဧရာဝတီမြစ်ကြီးရေ ...
ပတ္တမြားမှန်ရင် နွံမနစ်ပါဘူး
သင့်ရဲ့ တန်ခိုးတွေကြောင့်
ပြည်သူတွေ လက်ခမောင်းခတ်နေပါပြီ ...။
ဧရာဝတီမြစ်ကြီးရေ ...
ရေကန်ဆိုတာ
ကြာရှိမှတင့်တယ် ...
ပင်လယ်ဆိုတာ
မြစ်ရှိမှတင့်တယ် ...
မြန်မာနိင်ငံဆိုတာလဲ
ဧရာဝတီမြစ်ကြီးရှိမှ တင့်တယ်ပါမည် ...။
ဧရာဝတီမြစ်ကြီးရေ ...
အနားရှိရင်ဆေးရှိပါတယ်
အားမငယ်ပါနဲ့
သွေးပူနေတုန်းတော့ တောင့်ခံထားပါ ...
သွေးအေးသွားရင်တော့
ဒဏ်ရာတွေကပိုပြီးနာကျင်လာပါလိမ့်မယ် ...
သင့်အတွက် ကုစားဖို့
ကျူပ်တို့ ဆေးဖော်နေပါပြီ ...
ဇော်ဂျီတောင်ဝှေး ဆေးစွမ်းပကား
တချက်ရိုက်လိုက်တာနဲ့
တချက်ရိုက်လိုက်တာနဲ့
အဲဒီနေရာတွေ
မြစ် အသစ် ... အသစ် တွေဖြစ်ပေါ်စေသတဲ့ ...။
မြစ် အသစ် ... အသစ် တွေဖြစ်ပေါ်စေသတဲ့ ...။
ဧရာဝတီမြစ်ကြီးရေ ...
သင်သည်
သေနေခြင်းမဟုတ်
ခဏ အိပ်ပျော်နေခြင်းပါ
သင့် ရေစီးသံတွေဟာ
ကျူပ် နှလုံးခုန်သံတွေနဲ့ ထပ်တူထပ်မျှပါပဲ ...။
ဧရာဝတီမြစ်ကြီးရေ ...
ကျူပ်တို့ တိုင်ပြည်မှာ
သင်ဟာ ခွန်အားအကြီးမာဆုံးမြစ်
လျှပ်စစ်တွေနဲ့ထိတွေ့တော့
မခံနိင်ဘူး နာကျင်နေပြီတဲ့
ကျူပ်တို့လဲ လျှပ်စစ် ကျိန်စာသင့်နေပါပြီ ...။
ဧရာဝတီမြစ်ကြီးရေ ...
အာကာသမှ
ပါဝါအချိုးအဆ မညီမျှလို့
လျှပ်စစ်ဓါတ်အားမဲ့
ဂျိုသားစက်ရုပ်တွေ
ကျူပ်တို့တိုင်းပြည်ရောက်လို့နေပါပြီး ...
သင့်အပေါ် သက်ညှာမှု့မရှိကြဘူး
သူတို့တွေက လူတွေမှမဟုတ်ပဲ
နှလုံးသားမရှိတဲ့ ဂျိုသားစက်ရုပ်တွေလေ ...
နှလုံးသားမရှိတဲ့ ဂျိုသားစက်ရုပ်တွေလေ ...
ဒါဟာ ...
ကျူပ်တို့တိုင်ပြည်မှာ ပထမဦးစွာ
ဧရာဝတီမြစ်
အခွင့်အရေး ချိုးဖောက်ခြင်း ခံရတာပဲ ...။
အခွင့်အရေး ချိုးဖောက်ခြင်း ခံရတာပဲ ...။
ဧရာဝတီမြစ်ကြီးရေ ...
တိုင်တည်စရာ
နတ်၊ဘုရားကလည်းမရှိတော့
ကိုယ်ထူ ၊ ကိုယ်ထ
ကိုယ့် အသိစိတ်ဓာတ်နဲ့
ဧရာဝတီမြစ် အရေးတော်ပုံကို
လက်တွဲညီညီ
ဧရာဝတီမြစ် အရေးတော်ပုံကို
လက်တွဲညီညီ
တော်လှန်ကြပါဆို့ ...။
ဒါ ......... တို့မြေ
ဒါ ......... တို့ပြည်
ဒါ ......... တို့ပြည်
ဒါ ..........တို့ရေ
တို့ .......ပိုင်တဲ့ ဧရာဝတီမြစ် ။ ။
ညီစေနိင် ....
၂၀၊၉၊၂၀၁၁။
မြစ်မင်း ဧရာဝတီ
မြစ်မင်း ဧရာဝတီ
မငိုပါနဲ့ဧရာဝတီ
ပန်းတွေကြွေတာ
သေတာမဟုတ်ပါဘူး
အသစ်တဖန် မွေးဖွားခြင်ပါ
…။
မလွမ်းပရစေနဲ့ဧရာဝတီ
အမိရေမှ ထွက်ပြေးဖို့
မကြိုးစာပါနဲ့
အမိရေမှာမွေးဖွား
အမိရေမှာကြီးပြင်
အမိရေမှာပဲ နေထိုင်ပြီး
ရှင်သန်ပါလော့ ...
နိုးထပါလော့ …
စီးဆင်းပါလော့ …။
ဒဏ်ရာများနဲ့ဧရာဝတီ
ရေသံတွေကြားမှာငိုငြည်းသံများစွာနဲ့
နာဖျားနေပြီလား
ပြင်ထန်တဲ့လှိုင်းပုခက်တွင်းမှာ
ရိုးစင်းစွာ
အနယ်ထိုင်းခြင်းကို
အသက်သွင်းနေရပြီလား ...။
အနယ်ထိုင်းခြင်းကို
အသက်သွင်းနေရပြီလား ...။
ချစ်သော ဧရာဝတီ
ကမ္ဘာမြေက သဒ္ဒါကြေးနဲ့
တန်းဖိုးဖြတ်လိုက်ပြီတဲ့လား
တို့အသွေး တို့အသားတွေနဲ့
တည်ဆောက်ထားတာမို့
အားလုံးကိုကျောခိုင်းဖို့ဆိုတာ
မဝံ့ရဲပါဘူး ...ဧရာဝတီ ။
လှပသော ဧရာဝတီ
အသင့် ရေကြောတွေထဲ
အဆိပ်ရည်တွေ
လောင်းထည့်နေတာမဟုတ်ဘူး
ခွန်အားတွေကို
စွမ်းအင်အဖြစ်ညစ်ထုတ်နေတာ
ပေါက်ကွဲလိုက်ပါ … ဧရာဝတီ ။
ငြိမ်းချမ်းရေးအတွက်
ဧရာဝတီရဲ့သွေးတွေဖောက်ထုတ်ပစ်မယ်ဆိုရင်
အဲဒီသွေးတွေဟာ
ငါတို့ရဲ့ သွေးတွေသာ
မြေမှာခပါစေတော့ ...။
ရာဇဝင်ထဲက ဧရာဝတီ ...
သမိုင်းထဲက ဧရာဝတီ ...
မြစ်တို့ရဲ့ ဧရာဝတီ ...
အမိမြန်မာနိင်ငံရဲ့
ဧရာဝတီ ...
ငါတို့ရဲ့ ဧရာဝတီ ...
ကျနော် အားရပါရ
..အော်ခေါ်ပါရစေ ။
ဒါဟာ ဇာတ်အသွင်ဆောင်တဲ့
မရဏ အရှင်သေမင်း
စစ်ခင်းနေတာမဟုတ်ဘူး ...။
နေဝင်ချိန်ဆိုတာ
သေဆုံးခြင်းတဲ့
ပျက်စီးခြင်းဆိုတာ
ပျောက်ဆုံးတတ်တဲ့သဘော ...။
သမိုင်းဆိုတာ
လူတွေကဖန်တီတာပါ
သဘာဝတွေကိုတော့
ပတ်ဝန်းကျင်က ဖန်တီတာပါ
ဖန်တီသူတွေက လူတွေပါပဲ
ကယ်တင်မယ့်သူတွေကလဲ
လူတွေပါပဲ
ဧရာဝတီမြစ်ကို
ဘယ်သူသတ်တာလဲ … ။
ဧရာဝတမြစ်ကြီး…..ရေ
အနာဂတ်မှာ
မင်းရေးဖွဲ့တဲ့
ကဗျာ တွေ
သီချင်း တွေ
ဆည်းဆာအလှ ပန်းချီကားတွေ
ရပ်တန့်သွားမှာကိုဖြင့်
ငါ တွေးတွေးပြီးတော့
အော့နှလုံးနာလှတယ် …။
အော့နှလုံးနာလှတယ် …။
မိုးကုတ်စက်ဝိုင်းရဲ့
ထောင့်တနေရာမှာ ရောင်စုံသက်တန့်ကြီးရှိတယ်
သူ့အောက်မှာ
ဖွေးဖွေးလှုပ် ဧရာဝတီမြစ်ကြီးရှိတယ်
မြစ်ကြီး ၊ မြစ်ငယ် ၊ မြစ်လက်တက်တွေ အသွယ်သွယ်ဖြင့်
တို့တိုင်မြန်ပြည်
ဆန်၊ရေ၊စပါး သာယာဝဖြိုးစေရေး
တဘက်တလမ်းက
ပေးကမ်းကျွေးမွေးခဲ့တယ်...။
ငွေရောင်အလှ၊ရွှေရောင်အလှတွေနဲ့
တင့်တယ်ဝံ့ကြွား စေတီပထိုးတော်များ...။
ကွေ့ကောက်နေတဲ့ မြစ်မင်းဧရာဝတီကို
ဘယ်သူ ဆွဲဆန့်လိုက်တာလဲ.........။
ကမ္ဘာမကြေဘူး ....
မုန်းလိုက်တဲ့
အဲဒီ ဂျိုသားတွေ..........။
ညီစေနိင်
၁၈၊၉၊၂၀၁၁။
လွမ်းနေလို့
မင်းကတော့ ဘယ်လိုနေမယ်မသိ
ငါမှာတော့ဖြင့်
ပြန့်လွင့်နေတဲ့ စိတ်တွေကို
အရအမိ လိုက်ဖမ်းနေရတယ် .....
အသက်ရှုမဝတဲ့ မြို့ ပြမှာ
ငါတစ်ယောက်ထဲ နေရတာ
သူစိမ်းတစ်ယောက်လိုပါပဲ ....
နင်ပြန်လာမယ့် နေ့ရက်တွေကို
မျှော်တလင့်လင့်နဲ့ စောင့်နေရတာ
အိမ်မက်တွေတောင် ဖူးပွင့်လို့နေပါပြီ .....
သံစဉ်တွေလည်း တောင်ပံငှက်တို့ သီဆိုနေပါပြီ .....
ကဗျာတွေလည်း စကားပြောတတ်နေပါပြီ .....
လွမ်းလွန် လွန်းလို့ပါ .....
ချစ်လွန် လွန်းလို့ပါ .....
ဟန်နီ ရေ ....
နီးနီးလေးနေချင်တယ်
မြင်နေခွင့်ပြုပါ ....
ငါ ..
အရမ်း ...... လွမ်းနေလို့ ...........။
ညီစေနိင်
၆၊၉၊၂၀၁၁ ။
Labels: ကဗျာ
ငါသည်သာ ..... နတ္ထိ
ငါ၏အမှား ငါ၏စကား
ငါ့နားများကြားစေသတည် ။
ငါ၏မနာလို ငါမုန်းစိတ်ပို
ငါ၏စိတ်တွင် သိမြင်စေသတည်။
ငါ၏လောဘ ငါဒေါသတွေ
ငါ၏စိတ်နှလုံးဝယ် သွင်းစေသတည်။
ငါ၏အလှ ငါ့ဘ၀သည်
ငါရှာဖွေရာ လောကုတ္တရာ၌ မွှေ့လျော်စေသတည်။
ငါ၏ပညာ ငါ့ညဏ်စေစားရာ
ငါသည်သာအောင်နိင်ခြင်းဓမ္မ ငါဖြစ်ပေသတည်။
ငါ၏ ရုပ် နမ် ငါ့ သံသရာ
ငါသည်သာ ဘဝ နိဂုံး ငါဖြစ်ပေတော့ သတည်။
ညီစေနိင်
၆၊၉၊၂၀၁၁ ။
Labels: ကဗျာ
အက်ကွဲကြောင်း အလွမ်းများ
ရွန်းရွန်းဝေနေတဲ့ သူ့စကား
တေးသွားတွေနဲ့ စီရီးထား........
သတင်းစကား ခြေဆင်းကြားက
ထွင်းဖောက်နိင်တဲ့ သူ့ စာသား...........။
ကလောင်နာမည် ဒြပ်မဲ့ ဂုဏ်သွင်
အဆင်းနဲ့ အချင်း
ထိစပ်နေပေမဲ့
ရတိပြတ် စကားတခွန်း ဆို
အဲဒါ
ငါ့ ဘလော့ဂ်ဂါတွေ သေဆုံးတဲ့ တနေ့ ..........။
အို ........
အရိုင်ကံကြမ္မာ မုတ်ဆိုး
သင်....လွတ်လိုက်တဲ့ အဆိပ်လူးမျှား
လွယ်လွယ်နဲ့ ငါ့ ကိုသေစေပါလား...........
ငါ့ စေတနာ သဝဏ်လွှာ
သင့် အပါးမှာ ခစားနေတာ
နေ့ည မပြတ်ခဲ့ပါဘူး......။
လရောင်ဝတ်ရည် ကြည်လင်းအေးမြ
ငါ့ ဆဒ္ဒ ကို ဖယ်ရှားသုတ်သင်
အရှင်သေမင်းလုလင်
ငါ့အား စိတ်စွမ်းအင်တွေ ပေးဖတ်စေလို..........။
အလိုက်မသိ တရားမရှိတဲ့
အရိပ်ရောင်တွေ
ငိုနေတဲ့ တိမ်တိုက်ကိုမှ
လွမ်းအောင် ဖန်တီးရသလား.....။
ပြုံးနေတဲ့ လမင်းကို
ဖမ်းစားလိုက်တဲ့
အဲဒီမည်းပုတ်ပုတ် တိမ်တိုက်တွေကိုလည်း
ငါမနာလိုဘူး........။
အရည်ပျစ်ပျစ်
သွေးညစ်ညစ်နဲ့ စီးဆင်းလာတဲ့
ပါးပြင်ပေါ်က မျက်ရည်တွေကို လည်း
ငါမုန်းတယ်.........။
လူသတ်ကွင်းထဲရောက်နေတဲ့
လရောင်း အလွမ်း
ဘယ်သောအခါမှ ငါ့အပေါ် မစွဲလမ်းမိပါစေနဲ့.....။
နောက်တစ်ကြိမ်ဆိုတာ
နောက်ပြန်ကြည့်တဲ့ အရိပ်လိုပါပဲ
တိတ်တဆိတ် တည်ငြိမ်မှု့ အသွင်ကိုဆောင်တယ်
မေ့လွယ် ပျောက်လွယ်တဲ့ ပဥာတ်တစ်ခု..........။
ဘာပဲပြောပြော
သတိရတယ်ဆိုတာ
အနားဟောင်းကို ဓါးနဲ့မွှန်းတာပါပဲ
နိဂုံးဆိုတာ
အားလုံးအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြစ်သတဲ့..........။
နောက်ကျောကို ဓါးနဲ့ထိုးတဲ့ သူရဲကောင်း
မင်းတို့ ကြားဘူးလား............
ငါ့ ကဗျာ ရဲ့ နောက်ကျောကို ဓါးနဲ့ ထိုးတဲ့
ပညာ သူရဲကောင်း တော့ ရှိခဲ့ဘူးတယ်.........။
အဆိုးဆုံးက
တံဆိပ်ကပ်တဲ့ ချစ်သူ
ရင်ခွင်ရဲ့ ခိုလုံနွေးထွေးမှု့သည်
ချစ်သူရဲ့ စေစားရာ
အငွေ့ အသက် လိပ်ပြာဖြစ်သတဲ့........။
ပန်း သဘာဝ က
ပွင့်လွယ် ကြွေလွယ်တတ်တယ်...
လမ်း သဘာဝက
အကွေ့အကောက်တွေများတယ်...
ဆန်း(ကံ) သဘာဝက လည်း
တက်လွယ် ကျလွယ်တတ်တယ်...
ငါ့ သဘောကလည်း
အခုတမျိုး .......တော်ကြားတမျိုး ပါပဲ.........။
လက်ရုံးရည်ခြင်းတူပေမဲ့
ခံစားချက်ခြင်းတော့ မတူညီပါဘူး
စစ်ပွဲဆိုတာ
နောက်ဆုံးတော့ ငြိမ်းချမ်းရေးယူကြတာပါပဲ.....။
သေခြင်း ၊ ရှင်ခြင်းက
ကြားနေ လူတန်းစားတွေ
ချစ်ခြင်း ၊ မုန်းခြင်းက
မေတ္တာအရှိမဲ့ ဥပေခါ ရဲ့ သဘောထား....။
အနိင်နဲ့ အရှုံး ဒွန်တွဲနေတဲ့ကြားက
ငါ့ ကဗျာကို ပေတံကြိုးနဲ့ အဆွဲခံရတယ်
ဟောဒီ
ကမ္ဘာကို ငါ မကျေနပ်ဘူး
သားကောင်းဖြစ်ဖို့ တစ်ရက်ပဲကျန်တော့တယ်.....။
ဆောင်းတွင်းမိုး တွေ ဘယ်ရောက်နေလဲ
သဇင်ကြွေခဲ့ ဘူးတဲ့ အဆိပ်ပန်းရဲ့ ရနံ့
ငါ့စိတ်ကို ငါ့ အတိတ်တွေက သတ်နေပြီ
ငါ့ အိပ်ယာပေါ်က ပန်ချီးပြခန်း
ဆေးစက်တွေတိုင်းမှာ သွေးစက်တွေချည်းပဲ...........။
ငါ မသေချင်သေဘူး
ငါ့ နဲ့ အတူ
ငါ့ ကိုယ်ပွား အတုက
ခရီးအတူထွက်ဖို့ ကတိပေးထားတယ်
ကမ္ဘာကို တပတ်ပြည့်အောင် လည်ပတ်ကြမယ်တဲ့..........။
ပျော်ရွှင်နေချိန်မှာ အားလုံးက အဆင်မပြေကြဘူး
အဆင်ပြေတဲ့ အချိန်ကြတော့ တို့တွေက မပျော်ရွှင်နိင်ကြတော့ဘူး...
ဒါဟာ
ဘဝပါ...
သင်ခန်းစာ ရဲ့ နောက်ဆက်တွဲ
ငြီငွေ့ခြင်းပါပဲ..........။
အလှအပ ဆိုတာ
စိတ်ပျော်ရွှင်မှု့လား
မရရအောင် အချစ် ကိုယူတတ်တဲ့သူက
အချစ်စစ် ကိုပိုင်ဆိုင်တဲ့သူလား......။
ဆရာဝန်က ဆေးကုတယ်...
ကျောင်းဆရာက စာသင်တယ်...
ဘုန်းကြီးက တရားပြတယ်...
ဘလော့ဂ်ဂါသမားက စာတွေရေးတယ်...
ဆရာတော်တော်များများက စာရေးဆရာ
ကဗျာတွေရေးတော့ ကဗျာဆရာ
စာတွေရေးတော့ စာရေးဆရာ
အားလုံးကတော့ ဆရာတွေကြီးပါပဲ.....။
သူ့ရပ်ဝန်းကိုယ်ဆီနဲ့ ဆရာတွေ လုပ်နေကြပြီ
ကြိုဆိုပါ၏ ........ကြိုဆိုပါသည်...။
ဒါသည်
ငြိမ်းချမ်းရေးရဲ့ ရှေ့ပြေနိမိတ်ပဲ...။
ကိုယ်ကြိုက်တာကိုရေး
ကိုယ်အတွေးထဲက ယုံကြည်မှု့
ဆွဲထုတ်လို့ ဖော်ပြ
နှီးနှောဖလှယ်တဲ့ စာပေရသ.....။
စာတစ်ကြေင်းရေးဖို့ရာ
ဦးခေါင်းထဲ၌ သန်းပေါင်းများစွာသော စာလုံးတွေ
စီလိုက်ရတာ အငိုက်မိချိန်တွင်
အရိုင်းစိတ်တွေကြား ဗိုင်းရပ်တွေ အရည်ပျော်ခဲ့..........။
ငါနေတဲ့ နေရာ
ငါ့ကမ္ဘာပဲ
ငြိမ်းချမ်းရေး မှတ်တိုင်သစ်
ခြေကုတ်ယူနေဆဲ
အနားတရတွေနဲ့ ဗျာများနေတဲ့
မုတ်သုန်လေ
မုန်းတိုင်ဝေ့လဲ
ငါ ဂရုမစိုက်ဘူး.....။
မြစ်ရေတွေ ကုန်းခမ်းပါစေအုံးတော့
ပင်လယ်ရေတွေ ရှိသေးတယ်....
ပင်လယ်ရေတွေကုန်းခမ်းစေအုံးတော့
မိုးရေတွေ ရှိသေးတယ်...
မိုးရေတွေ ကုန်ခမ်းပါစေအုံးတော့
ညီမရေ........
မင်း ငိုရင် ငါ့မျက်ရည်တွေ ရှိသေးတယ်......။
ဆက်လျှောက်ဆဲ ငါ့ ခရီးရှည်
လမ်းတိုင်းမှာ မြေပုံမရှိ
ပန်းတိုင်ဆိုတာ
ဝိရိယသတ္တိရှိသူတွေအတွက်တော့
လက်တကမ်းပါပဲ...။
တစ်မိုးအောက်မှာ တစ်ယောက်
တစ်ပင်ထဲ ရင်ထဲကနွယ်
တစ်ကမ္ဘာမှာ တစ်သံသရာ
အချို့ အချို့ သောနေရာတွေမှာ
သံယောဇဉ်အမျှင်တမ်းတွေရှိကြတာမို့
ခွဲခွာခြင်းဆိုတာ
နေရာသစ်
ကမ္ဘာသစ် တစ်ခုသို့
သွားရောက် နေထိုင်းခြင်းပါပဲ...။
အတိတ်ရှိခဲ့ရင်
အရိပ်တွေက လိုက်နေမှာပဲ
စိတ်ချပါ
မင်ပျော်ရွှင်ဖို့အတွက်ဆို
ငါ.....အရိပ်တွေလို လိုက်နေမှာပါ......။
ဝါသနာရဲ့ အရင်ခံက
စွဲလမ်းခြင်းပဲ
မေ့လွယ် ပျောက်လွယ်ဖို့ဆိုတာ
ဗီဇ တစ်ခုရဲ့ မာယာ
တနည်းအားဖြင့်
အက်ကွဲကြောင်း အလွမ်းများ........။
ညီစေနိင်
၎၊၉၊၂၀၁၁ ။
အလင်းရောင်ထဲက အလင်းစက် ကိုရှာဖွေခြင်း
ပထမ လူ တစ်ယောက်က ပြောတယ်
ငါး မရရင် ရေချိုး ပြန်မယ်......တဲ့ ။
ဒုတိယ လူ တစ်ယောက်က ထပ်ပြောတယ်
ငါး ရပြီးမှ ရေချိုး ပြန်ကြမယ် .....တဲ့ ။
တတိယ လူ တစ်ယောက်ကြပြန်တော့လဲ
ငါးရလဲ ရေချိုးမယ်...
ငါးမရလဲ ရေချိုးမယ်...တဲ့ ။
ကျွန်တော်ကတော့
ငါးလဲမရချင်းဘူး........ရေလဲမချိုးချင်းဘူး...။
ဆိုတော့ကာ
ငါရချင်တာက
ရိုးသားတဲ့ ကိုယ်ကျင့်တရား....တဲ့ ။
ညီစေနိင်....
၂၉၊၈၊၂၀၁၁။
Labels: ကဗျာ

