ငါ့ ကဗျာ ၊ ငါ မပိုင်
ငါ နဲ့ သာဆိုင်
စိတ်တိုင်းကြ တွေးပိုင်ခွင့်ရှိတယ်
မင်းစိတ်စေရာကို
ငါ့ ကဗျာ က ရည်ညွှန်းလိမ့်မယ် ...
ငါ့ ဘ၀ ၊ ငါ မပိုင်
ငါ နဲ့ သာဆိုင်
ကံကြမ္မာရဲ့ စိတ်တိုင်းကြ ရွက်လွင့်လို့ရတယ်
ငါပိုင်ဆိုင်သမျှ အတ္တ မာန နဲ့ လောဘတွေကို
မြေကြီးက ကောက်ယူစားသုံးလိမ့်မယ်...
ငါ့ ချစ်သူ ၊ ငါ မပိုင်
ငါ နဲ့ သာဆိုင်
နင်ကြိုက်နှစ်သက်ရာ ရင်ခွင်ဆီသို့ ခိုနားပိုင်ခွင့်ရှိတယ်
အချစ်တွေကို မေတ္တာရေနဲ့ ဆေးကြောပါ့မယ်...။
ညီစေနိုင်
၃၁၊၅၊၂၀၀၉
ညီစေနိုင်
၃၁၊၅၊၂၀၀၉
0 comments:
Post a Comment