ဟောင်နွမ်းနေတဲ့ မြို့တော်ရယ်
တိတ်ဆိတ်နေတဲ့ ရပ်ကွက်တချို့ရယ် ...
လူမမြင်သာတဲ့ ညဈေးတန်းက နေရာလွတ်တစ်ခုနဲ့
ဖြတ်သွားဖြတ်လာ ဘူတာဟောင်းတချို့ပေါ့ ...
ဆွေးမြေ့နေတဲ့ ပလက်ဖောင်းဘေးက ကားမှတ်တိုင်မှာ
မိုးခိုနေတဲ့ ထီးတစ်လက်နဲ့
ကတ္ထီပါလမ်းမှာ အသည်းကွဲနေတဲ့ ဖိနပ်တစ်ရံရယ် ...
မေးမဲ့လူလဲမရှိ ၊ ခေါ်ပြောမဲ့လူလဲမရှိ
တိုင်တည်စရာနတ်ဘုရားကလဲ မရှိနဲ့ ...
ဘယ်သူမှလဲဂရုမစိုက်ဘူးထင်ပါရဲ့
(ရောင်းဈေးသတ်မှတ်ထားတဲ့ အိတ်ကပ်အစုပ်ထဲက ငါ့ကဗျာကိုပေါ့)
ဝယ်လိုက၀ယ်နိုင်သည်
အမြတ်အစွန်းမလို
အရင်းအတိုင်းသာပေးခဲ့ ...
ငါ့ကဗျာအသက်ရှုဖို့
အောက်ဆီဂျင်ဆိုတာ လိုအပ်တယ်လေ ...။ ။
ညီစေနိုင်
၂၂၊ ၃၊ ၂၀၀၉
0 comments:
Post a Comment